Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်စနစ် အလုံးစုံကျဆုံးရေး လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲလုပ်ရမည်ဟု KNU ဥက္ကဋ္ဌ ပြော

ဒီဇင်ဘာ ၂၂ရက်တွင် ကျရောက်မည့် ကရင့်နှစ်သစ်ကူးနေ့ သို့ သဝဏ်လွှာပေးပို့ရာ၌ အထပ်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

(ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ​စေားမူတူး​စေးဖိုး။ဓါတိပုံ-Karen News)
(ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ​စေားမူတူး​စေးဖိုး။ဓါတိပုံ-Karen News)

စစ်အာဏာရှင် စနစ်အပြင် အာဏာရှင် စနစ် အလုံးစုံ ကျဆုံးရေးအတွက် ကြိုးပမ်း အားထုတ်နေကြသည့် လူမျိုးတိုင်း အဖွဲ့အစည်း တိုင်း အစုအဖွဲ့တိုင်းနှင့် လက်တွဲလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ဒီဇင်ဘာ ၂၂ရက်တွင် ကျရောက်မည့် ကရင့်နှစ်သစ်ကူးနေ့ သို့ သဝဏ်လွှာပေးပို့ရာ၌ အထပ်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် ခေတ်စနစ်များ၏ လိုအပ်ချက်များ အတိုင်း မဟာဗျူဟာ နှင့် နည်းဗျူဟာများကို ချမှတ်အကောင်အထည်ဖော်ဆောင်ကြရပါမည်” ဟု KNU ဥက္ကဋ္ဌက ဆိုသည်။

လူမျိုးတိုင်းနှင့် ပြည်နယ်တိုင်း တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိနိုင်ရန်နှင့် ထိုအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအလင်း ပြဌာန်းထားရန် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းအားထုတ်ရမည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်များ ပြီးပြည့်စုံစေရန် ကရင်အမျိုးသား အဖွဲ့အစည်းများ၊ ဘာသာရေး အစုအဖွဲ့များ အပြင် တော်လှန်ရေး အဖွဲ့အစည်း အားလုံး တစ်ခုတည်းသော ကရင့်အမျိုးသား အလံတော်အောက်တွင် တစ်ခုတည်းသော ရည်မှန်းချက် ပန်းတိုင်ဖြင့် စည်းစည်းလုံးလုံး ဖြင့် ကြိုးပမ်းအားထုတ်ကြရမည်ဟု ၎င်း ကဆိုသည်။

ကရင့်အမျိုးသားရေး ကြိုးပမ်းမှုများအား ပြန်လည်သုံးသပ်ကြည့်ပါက အားနည်းချက်များစွာ တွေ့ရှိခဲ့ပြီး အကြီးမားဆုံးသော အားနည်းချက်သည် သင်းကွဲမှုများနှင့် စည်းလုံးညီညွတ်မှု အားနည်းခြင်းပင်ဖြစ်သည်ဟု KNU ဥက္ကဋ္ဌက ပြောသည်။

မည်သို့ပင်ဖြစ်စေကာမူ အားလျှော့ခြင်း အလျှင်းမရှိဘဲ ထိုမျှမက အားကောင်းပြီး ပိုမိုကောင်းမွန်သော စုစည်းမှုဖြင့် အရှိန်အဟုန်မြှင့်တင်ပြီး ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။