Connect with us

Hi, what are you looking for?

သတင်း

KNU ဖာပွန်ခရိုင်၌ လဝက်အတွင်း တိုက်ပွဲ ၈၀ခန့်ဖြစ်၊ စစ်ကောင်စီတပ် ၂၀ကျော်သေဟု ထုတ်ပြန်

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုများကြောင် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု အသိပေး ဖော်ပြထားသည်။

စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KPSN
စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးနေစဉ်၊ ဓာတ်ပုံ - KPSN

▪️လေကြောင်း၊ လက်နက်ကြီးများဖြင့် ဒေသခံများအား ပစ်မှတ်ထားတိုက်ခိုက်နေဟု ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် (မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေ၌ ဒီဇင်ဘာလဝက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့သည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း ကော်သူးလေ ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နယ်မြေ၌ တိုက်ပွဲ ၇၈ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂၁ဦး သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီ၏ စခန်းအတွင်းရှိ အဆောက်အဦး ခုနစ်ခု ကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅) ဘက်မှ သုံးဦး ကျဆုံးခဲ့ပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ် တိုက်လေယာဉ်များဖြင့် ၉ကြိမ် လာရောက် ဗုံးကြဲခဲ့ရာ ဗုံး ၆၄ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကျေးရွာများ နှင့် ဒေသခံများ ၏ လုပ်ငန်းခွင် လယ်ယာ၊ တောင်ယာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုများကြောင် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု အသိပေး ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။