Connect with us

Hi, what are you looking for?

သတင်း

တာမွေ မြှားပစ်ကွင်းရှေ့ ကင်းတဲအား ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်နိုင်ဖွယ်ရှိပြီး အဖွဲ့သားများ အားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။

(ရန်ကုန်မြို့ရှိ စစ်ကောင်စီကင်းတဲတစ်ခုအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့ရှိ စစ်ကောင်စီကင်းတဲတစ်ခုအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ တာမွေမြို့နယ် မြှားပစ်ကွင်းရှေ့ရှိ စစ်ကောင်စီဝင်များ၏ ကင်းတဲအား မြို့ပြပြောက်ကျားတပ်ဖွဲ့များက ယနေ့(ဒီဇင်ဘာ ၂၂) နံနက်အစောပိုင်းတွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကို Freeland Attack Force (FLA)၊ Emerald Girls Army (EGA)နှင့် Revolution of 21 Century အဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ နံနက် ၆နာရီတွင် တာမွေမြို့နယ် တာမွေကြီး (ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းနှင့် တောင်မြင်းပြိုင်ကွင်းလမ်းထောင့် မြှားပစ်ကွင်း အမှတ် (၆)ဂိတ်ရှေ့ရှိ စစ်ကောင်စီ ကင်းတဲအား ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း FLA အဖွဲ့က အသိပေးသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်နိုင်ဖွယ်ရှိပြီး အဖွဲ့သားများ အားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

” အခြေအနေ အသေးစိတ် မသိရသေးတဲ့အတွက် မနက်စောစော လမ်းသွား၊ လမ်းလာတွေ အနေနဲ့ စစ်ကောင်စီက အန္တရာယ်ပြုနိုင်တဲ့အတွက် ရှောင်ရှားသွားလာဖို့ မေတ္တာရပ်ခံပါတယ်”ဟု FLA အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် ယနေ့ နံနက်ပိုင်းတွင် အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဦးချစ်မောင်လမ်းနှင့် ကျိုက္ကစံကွင်းအနီးတို့တွင် စစ်ကောင်စီက ကားများဖြင့် ကင်းလှည့်နေသည်ကို တွေ့ရကြောင်း တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” မနက်က ဗုံးပေါက်သံ တစ်ချက်တော့ ကြားလိုက်ရတယ်။ မနက်အစောပိုင်းဆိုတော့ သေချာမသိလိုက်ကြဘူး။ အခုတော့ တာမွေကို စစ်ကား သုံးစီးနဲ့ တော်တော်ပတ်နေတာ တွေ့ရတယ် ” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီဝင်များနှင့် နီးစပ်သည့်နေရာများကို တတ်နိုင်သမျှ ရှောင်ရှားသွားလာကြရန် မြို့ပြပြောက်ကျားအဖွဲ့များက တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။