Connect with us

Hi, what are you looking for?

သတင်း

ကုန်းသာရွာကို TNLA ထိပ်ပိုင်းခေါင်းဆောင်များသွားရောက်ပြီး ဗုံးခိုကျင်းများ တူးထားရန် ဒေသခံများအား မှာကြား

TNLA၏ အရေးပါသည့် တပ်စခန်းများရှိရာ နမ့်ဆန်မြို့နယ် ကုန်းသာရွာသို့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၇ရက်တွင် လေကြောင်းမှ စစ်အင်အားချပြီး ထိုးစစ်ဆင်တိုက်ခိုက်လာရာ ဒီဇင်ဘာ ၇ရက်နေ့မှ ၁၃ရက်အထိ တစ်ပတ်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။

(တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များ ကုန်းသာရွာသို့ သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာများနှင့် စစ်ဘေးသင့် ပြည်သူများအား တွေ့ဆုံနေစဥ်၊ ဓာတ်ပုံ - news & information department)
(တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များ ကုန်းသာရွာသို့ သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာများနှင့် စစ်ဘေးသင့် ပြည်သူများအား တွေ့ဆုံနေစဥ်၊ ဓာတ်ပုံ - news & information department)

▪️ကျေးရွာနှင့် စစ်ဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးကော်မတီဖွဲ့စည်း

စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကုန်းသာရွာဒေသခံများအား တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်တွေ့ဆုံခဲ့ပြီး ကျေးရွာများနှင့် စစ်ဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း အပါအဝင် ရွာလုံးကျွတ်ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့သည့် ကုန်းသာရွာသို့ PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသည့် ဒုဥက္ကဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး တားအိုမ်တမောဝ်၊ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်၊ အုပ်ချုပ်ရေးဒုဌာနမှူး တားကုင်ခြီရ်နှင့် စည်းရုံးလှုံ့ဆော်ရေးမှူး တားမိုးဟိန်းတို့ သွားရောက်ကာ ပျက်စီးဆုံးရှုံးမှုများအား စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဒေသခံများနှင့်တွေ့ဆုံခဲ့ပြီး PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များက တိုက်ပွဲကိစ္စကို ရှင်းပြကာ အားပေးစကား ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပြင် ဒေသခံပြည်သူလူထုများ၏ နေအိမ်များနှင့် ကျေးရွာ ပြန်လည်ထူထောင်နိုင်ရန် အတူတကွလက်တွဲဆောင်ရွက်သွားမည်ဟု ကတိပေးပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က တအာင်းဒေသနှင့် ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးရန်ကြိုးပမ်းခြင်းဖြစ်ဖြစ်၍ ပြည်သူလူထုများအနေဖြင့် တော်လှန်ရေးသတိ အထူးထားရှိပြီး စည်းလုံးညီညွတ်စွာ ခုခံတော်လှန်ကြရန်၊ ဗုံးခိုကျင်းများတူးဖော်ထားရှိကြရန် PSLF/TNLA ခေါင်းဆောင်များက မှာကြားခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ပွဲဒဏ်ကြောင့် ပျက်ဆီးသွားသော ကျေးရွာများနှင့် စစ်ဘေးသင့်ပြည်သူများအားပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် ပြန်လည်ထူထောင်ရေးကော်မတီ ဖွဲ့စည်းခဲ့ရာ ကော်မတီဥက္ကဌအဖြစ် စည်းရုံးလှုံ့ဆော်ရေးမှူး ဒုဗိုလ်မှူးကြီး တားမိုးဟိန်းကို တာဝန်ပေးခဲ့သည်ဟု ဆိုသည်။

TNLA၏ အရေးပါသည့် တပ်စခန်းများရှိရာ နမ့်ဆန်မြို့နယ် ကုန်းသာရွာသို့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၇ရက်တွင် လေကြောင်းမှ စစ်အင်အားချပြီး ထိုးစစ်ဆင်တိုက်ခိုက်လာရာ ဒီဇင်ဘာ ၇ရက်နေ့မှ ၁၃ရက်အထိ တစ်ပတ်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ၊ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ တိုက်ခိုက်ခဲ့ရာ ပေါင် ၅၀၀ ဗုံးများပါ အသုံးပြုခဲ့သည်။ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အိမ်ခြေ ၆၀နီးပါးရှိ ကုန်းသာကျေးရွာသည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ရွာလုံးကျွတ်နီးပါး ထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။