စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဒေသခံပြည်သူများ၏ စပါးခင်းများအား စက်ဖြင့်လာရောက် ရိတ်သိမ်းယူနေသည့် ပျူစောထီးအဖွဲ့အား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare-K.P.K အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဒီဇင်ဘာလ ၂၅ ရက်) မွန်းလွဲ ၂နာရီ ၄၀ မိနစ်ခန့်က တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာ တပ်စွဲထားသော ပျူစောထီးများသည် ဖလံချိုင်ကျေးရွာအနောက်ဘက်ရှိ ဒေသခံပြည်သူ များစိုက်ပျိုးထားသော စပါးများကို ရိတ်စက်ဖြင့် အဓမ္မရိတ်သိမ်းနေချိန်တွင် ဒေသတွင်း PDFအဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အလစ်ဝင်ရောက်တိုက်ခိုက်ရာတွင် ရိတ်စက်မောင်းသူအား စနိုက်ပါဖြင့် ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ကျန်ပျူများလည်း ထိခိုက်မှုရှိနိုင်ပြီးအရေအတွက်မသိရသေးကြောင်း Guerrilla Warfare-K.P.K အဖွဲ့က ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Guerrilla Warfare-K.P.K အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement
ရဲဘော်များအထိအခိုက်မရှိကြောင်း၊ ထိုစစ်ဆင်ရေးကို Guerrilla Warfare-K.P.K အဖွဲ့ နှင့် Taze Tiger ၊TSR ၊ PLA နှင့် တပ်ရင်း(၈)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ရွှေဘိုခရိုင်အတွင်းအတွင်း ပျူများက ပြည်သူ များ၏ စပါးခင်းများအား အတင်းအဓမ္မသိမ်းယူရိတ်သိမ်းမှုများ မကြာခဏ ပြုလုပ်နေသည်။


















































