Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ၊ သံဃာသုံးပါးနှင့်ကျောင်းသားတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က လက်နက်ကြီးများကို ဒေသတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူများစွာ ထိခိုက်မှုများ ရှိနေသည်ဟု ဆိုသည်။

(တိုက်ပွဲဖြစ်စဉ်ကြောင့် ကော့နွဲကျေးရွာရှိ နေအိမ်တစ်လုံးပျက်စီးနေသည့် မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(တိုက်ပွဲဖြစ်စဉ်ကြောင့် ကော့နွဲကျေးရွာရှိ နေအိမ်တစ်လုံးပျက်စီးနေသည့် မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ကလေးငယ်နှင့်သက်ကြီးရွယ်အိုများလည်းထိခိုက်မှုရှိပြီး စစ်ကောင်စီက ကျန်းမာရေးစောင့်ရှောက်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေဟု ဒေသခံပြော

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့( ဒီဇင်ဘာ ၂၆ရက်)တွင်လည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး သံဃာသုံးပါးနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

“ဒီနေ့ ၁၁နာရီဝန်းကျင်လောက်မှာ ရွှေကြက်မင်း ဘုန်းကြီးကျောင်းမှာ သံဃာတော်တစ်ပါး လက်နက်ကြီး ထိပြီးဆုံးသွားတယ်။ လေးပါးလောက် ဒဏ်ရာရတယ်။ အဲဒီမှာ ကျောင်းသားတစ်ယောက်ပါတယ်။ စကစက ပစ်တဲ့လက်နက်ကြီး”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ယနေ့ ညပိုင်းတွင်လည်း လက်နက်ကြီးများဆက်လက် ပစ်ခတ်နေကြောင်း ၎င်းက ဆိုသည်။

“အခုညနေ အခု၇နာရီထိုးတာနဲ့ ကော့ကရိတ်ချောင်းတောင် စာသင်ကျောင်း ၊ ကော့ကရိတ်ရေကူးကန်၊ နောက်ပြီး ထန်းပင်ကုန်း အဲဒါတွေကို တိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်နေတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်ရော အများကြီးကိုလှမ်းပြီး ပစ်နေတယ်။ အခုပြောနေတဲ့ အချိန်မှာလည်း ပစ်နေဆဲပဲ” ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၆ရက်မှ စတင်ခဲ့သည့် ကော့ကရိတ်ဒေသတိုက်ပွဲတွင် လက်နက်ကြီးများ ၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟုဆိုသည်။ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ တစ်ပတ်ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများကို ဒေသတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူများစွာ ထိခိုက်မှုများ ရှိနေသည်ဟု ဆိုသည်။

“သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေအပါအဝင်ထိခိုက်တာရှိတယ်။ လက်နက်ကြီး အစထိမှန်တဲ့သူတွေရှိတယ်။ အခု ဆေးရုံဆေးခန်းကို ပစ်မှတ်ထားပြီး ပစ်နေပြီ။ ကျနော်တို့ဆီမှာ ကုရတဲ့ လူနာတွေ တပုံကြီးပဲ။ဆေးရုံဆေးခန်းဘယ်မှာရှိလဲ ရှိတဲ့နေရာကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာကို လက်နက်ကြီးတွေနဲ့ လိုက်ပြီး ထုနေတာ”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ကော့ကရိတ်တိုက်ပွဲ၌ အရပ်သားသေဆုံးထိခိုက်မှုများရှိသော်လည်း အရေအတွက်ကို စုံစမ်းနေဆဲဖြစ်သည်။ နေအိမ်ပျက်စီးမှုများ၊ အိမ်မွေးတိရိစ္ဆာန်များ သေဆုံးထိခိုက်မှုများလည်းရှိခဲ့ပြီး ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရကာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook