Connect with us

Hi, what are you looking for?

သတင်း

ကျောင်းထိုင်ဆရာတော် ၁ပါးနဲ့ လူငယ် ၁၅ ဦးကို မန္တလေးမှာ စစ်ကောင်စီဖမ်းဆီး

ဖမ်းမိသူ ၁၆ ဦးထဲမှာ မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက ကျောင်းထိုင်ဆရာတော် ၁ ပါးကိုပါ လူဝတ်လဲပြီး စစ်ကောင်စီက ဖမ်းဆီးထားတာတွေ့ရပါတယ်။

ကျောင်းထိုင်ဆရာတော် ၁ပါးနဲ့ လူငယ် ၁၅ ဦးကို မန္တလေးမှာ စစ်ကောင်စီဖမ်းဆီး

မန္တလေးမှာ နှစ်သစ်ကူးညနေပိုင်းက မန္တလေးမြို့ပြ ပြောက်ကျား Mandalay Young Force (MYF) နဲ့ ဝက်လက် PDF အဖွဲ့ဝင် ၁၆ ဦးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူဖမ်းမိတယ်လို့ စစ်ကောင်စီကသတင်းထုတ်ပါတယ်။

ဖမ်းမိသူ ၁၆ ဦးထဲမှာ မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက ကျောင်းထိုင်ဆရာတော် ၁ ပါးကိုပါ လူဝတ်လဲပြီး စစ်ကောင်စီက ဖမ်းဆီးထားတာတွေ့ရပါတယ်။

ကျောင်းထိုင်ဆရာတော်မှအပ ဖမ်းဆီးခံရသူတွေဟာ လူငယ်တွေဖြစ်ပြီး အသက် ၁၆ နှစ်ကနေ ၂၀ ဝန်းကျင်အရွယ်တွေ ဖြစ်ကြပါတယ်။

ဖမ်းခံရတဲ့လူငယ်တွေထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၂ ဦးလည်းပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်သစ်ကူးညနေ ပိုင်း မှာ MYF အဖွဲ့ဝင် လူငယ် ၂ ဦးကို ချမ်းမြသာစည် ၊အောင်သာယာရပ်ကွက်မှာ ဖမ်းမိရာကနေ ဆက်တိုက်မိတာလို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းမိတာလို့ဆိုထားပြီး အဲဒီလူငယ်တွေဟာ နှစ်သစ်ကူးကာလအတွင်းဖောက်ခွဲရေးလုပ်မယ့်သူတွေလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။