Connect with us

Hi, what are you looking for?

သတင်း

ကျောင်းထိုင်ဆရာတော် ၁ပါးနဲ့ လူငယ် ၁၅ ဦးကို မန္တလေးမှာ စစ်ကောင်စီဖမ်းဆီး

ဖမ်းမိသူ ၁၆ ဦးထဲမှာ မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက ကျောင်းထိုင်ဆရာတော် ၁ ပါးကိုပါ လူဝတ်လဲပြီး စစ်ကောင်စီက ဖမ်းဆီးထားတာတွေ့ရပါတယ်။

ကျောင်းထိုင်ဆရာတော် ၁ပါးနဲ့ လူငယ် ၁၅ ဦးကို မန္တလေးမှာ စစ်ကောင်စီဖမ်းဆီး

မန္တလေးမှာ နှစ်သစ်ကူးညနေပိုင်းက မန္တလေးမြို့ပြ ပြောက်ကျား Mandalay Young Force (MYF) နဲ့ ဝက်လက် PDF အဖွဲ့ဝင် ၁၆ ဦးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူဖမ်းမိတယ်လို့ စစ်ကောင်စီကသတင်းထုတ်ပါတယ်။

ဖမ်းမိသူ ၁၆ ဦးထဲမှာ မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက ကျောင်းထိုင်ဆရာတော် ၁ ပါးကိုပါ လူဝတ်လဲပြီး စစ်ကောင်စီက ဖမ်းဆီးထားတာတွေ့ရပါတယ်။

ကျောင်းထိုင်ဆရာတော်မှအပ ဖမ်းဆီးခံရသူတွေဟာ လူငယ်တွေဖြစ်ပြီး အသက် ၁၆ နှစ်ကနေ ၂၀ ဝန်းကျင်အရွယ်တွေ ဖြစ်ကြပါတယ်။

ဖမ်းခံရတဲ့လူငယ်တွေထဲမှာ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၂ ဦးလည်းပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်သစ်ကူးညနေ ပိုင်း မှာ MYF အဖွဲ့ဝင် လူငယ် ၂ ဦးကို ချမ်းမြသာစည် ၊အောင်သာယာရပ်ကွက်မှာ ဖမ်းမိရာကနေ ဆက်တိုက်မိတာလို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းမိတာလို့ဆိုထားပြီး အဲဒီလူငယ်တွေဟာ နှစ်သစ်ကူးကာလအတွင်းဖောက်ခွဲရေးလုပ်မယ့်သူတွေလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့ပေါ် ရှိ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို စီးနင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း စလင်းမြို့နယ်ပြည်သူပြည့်ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

သတင်း

အပစ်ရပ်ထားသည်ဆိုသည့်စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်၊ နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။