Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့အဝင် ၁၆ မိုင်စစ်ဆေးဂိတ် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

မနေ့ကစတင်ပြီး ၁၆ မိုင်ဂိတ်မှာ မန္တလေးမြို့ထဲ ဝင်မယ့် အိမ်စီးကားနဲ့ ခရီးသည်တင်ကားကလွဲရင် ကျန်တဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က ၁ စီးချင်း တားဆီးစစ်ဆေးနေတာပါ။

မန္တလေးမြို့အဝင် ၁၆ မိုင်စစ်ဆေးဂိတ် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်
မန္တလေးမြို့အဝင် ၁၆ မိုင်စစ်ဆေးဂိတ် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

မန္တလေးမြို့အဝင်ဖြစ်တဲ့ ၁၆ မိုင်စစ်ဆေးရေးဂိတ် မှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်က အစစ်အဆေး ကြမ်းနေလို့ မြို့ထဲ ဝင်ဖို့စောင့်ဆိုင်းနေတဲ့ ကားအစီးရေဟာ အများအပြားဖြစ်နေပါတယ်။

မနေ့ကစတင်ပြီး ၁၆ မိုင်ဂိတ်မှာ မန္တလေးမြို့ထဲ ဝင်မယ့် အိမ်စီးကားနဲ့ ခရီးသည်တင်ကားကလွဲရင် ကျန်တဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က ၁ စီးချင်း တားဆီးစစ်ဆေးနေတာပါ။

ဒါကြောင့်ကားတွေပိတ်မိနေပြီး စောင့်ဆိုင်းနေတဲ့ ကားတန်းဟာ မိုင် ၂၀ လောက်ကနေ စစ်ဆေးခံရမယ့် ၁၆ မိုင်အထိ ၄ မိုင်သာသာ ကားတန်းရှည်ကြီးဖြစ်နေတယ်လို့ အဲဒီလမ်းပိုင်းကိုဖြတ်သန်းခဲ့ရသူ ကားသမားတစ်ဦးကပြောပါတယ်။

အခုလို စစ်ဆေးတဲ့ ဂိတ်ဟာ မန္တလေး − လားရှိုး လမ်းပိုင်းမှာရှိတဲ့ဂိတ်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ရန်ကုန် ၊မန္တလေး တို့လို မြို့ကြီးတွေဆီ အဝင်မှာ စစ်ဆေးမှုတင်းကျပ်ထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ် ၊ကရင်ပြည်နယ်တို့ကြားဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ပဲခူတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားက ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာဆိုရင်လည်း ရန်ကုန်ထဲဝင်ခွင့်ရဖို့ ရာနဲ့ချီပြီး ကားတန်းရှည်ကြီးနေ့တဓူဝ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။