Connect with us

Hi, what are you looking for?

သတင်း

True Money ကAGDဘဏ်နှင့်လက်တွဲဖြုတ်၍ MAB ဘဏ်နှင့်လက်တွဲ

True Moneyသည် ပြည်တွင်း၌ ဘဏ်မဟုတ်သော ငွေလွှဲလုပ်ငန်းများအနက် နာမည်ကြီး ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။

(True Money မြန်မာနှင့် MAB တို့ လုပ်ငန်းပူး​ပေါင်းလုပ်ကိုင်ရန် သ​ဘောတူလက်မှတ်​ရေးထိုးစဥ်။ ဓါတ်ပုံ-Truemoney myanmar)
(True Money မြန်မာနှင့် MAB တို့ လုပ်ငန်းပူး​ပေါင်းလုပ်ကိုင်ရန် သ​ဘောတူလက်မှတ်​ရေးထိုးစဥ်။ ဓါတ်ပုံ-Truemoney myanmar)

ဦးတေဇသားပိုင်သည့် AGDဘဏ်နှင့်လက်တွဲဆောင်ရွက်နေသည့် ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထိုင်းကုမ္ပဏီ True Moneyက ထုတ်ပြန်ကြေညာသည်။

မြန်မာစစ်တပ်ကိုလက်နက်ပွဲစားဆောင်ရွက်ပေးနေသည့်ခရိုနီ ဦးတေဇ ၏သားပိုင်ဆိုင်ပြီးအနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားသည့် AGDဘဏ်အစား -မြန်မာ့​ရှေ့​ဆောင်ဘဏ်MABဘဏ်(Myanmar Apex Bank)ဖြင့် ၂၀၂၂ ဒီဇင်ဘာ ၁၆ ရက်ကတည်း လက်တွဲဆောင်ရွက်နေပြီဖြစ်ကြောင်း True Money မြန်မာက တရားဝင်ထုတ်ပြန်ကြေညာသည်။

MAB ဘဏ်သည် စီးပွား​ရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ပိုင်ဆိုင်​သောဘဏ်ဖြစ်ပြီး စစ်​ကောင်စီက ဦးချစ်ခိုင်တို့သားအဖကိုဖမ်းဆီးထားသည်။သို့​သော် ဧဒင်ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးချစ်ခိုင်၏ Denko ဆီဆိုင်လုပ်ငန်း ၊MAB စ​သောလုပ်ငန်းများမှာ ဆက်လက်လည်ပတ်​နေသည်ကို​တွေ့ရသည်။

ထိုင်းအခြေစိုက် True ကော်ပရေးရှင်းက AGDဘဏ်ဖြင့် ၂၀၁၅ခုနှစ်တွင်မြန်မာပြည်တွင်းရှိငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

True Moneyသည် ပြည်တွင်း၌ ဘဏ်မဟုတ်သော ငွေလွှဲလုပ်ငန်းများအနက် နာမည်ကြီး ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။

ထိုင်းနိုင်ငံတွင် True Corporationက ၂၀၀၃ ခုနှစ်၌ TrueMoneyကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပြီး Truemoney Myanmar ကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလတွင် တည်ထောင်ခဲ့သည်။

True Moneyသည်ထိုင်း၊ကမ္ဘောဒီးယား၊မြန်မာ၊အင်ဒိုနီးရှား၊ဗီယက်နမ်နှင့်ဖိလစ်ပိုင် စသည့်နိုင်ငံများတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းစုဖြစ်သည့် VISA Internationalကလည်း AGDဘဏ်နှင့် လက်တွဲလုပ်ကိုင်မူရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ၂၀၂၂ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့သေးသည်။

စစ်ကောင်စီအတွက်လက်နက်ဝယ်ယူရေးဆောင်ရွက်ပေးသည့် ထူးကုမ္ပဏီအုပ်စုကိုဥရောပသမဂ္ဂက ၂၀၂၂ ဖေဖော်ဝါရီ ၂၂ ရက်တွင် စီးပွား​ရေးအရဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ ဗြိတိန်နိုင်ငံကလည်းထူးကုမ္ပဏီအုပ်စုကို ၂၀၂၁ စက်တင်ဘာ၂ ရက်ကတည်းကပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

ထိုအပြင်အ​မေရီကန်၊ ဗြိတိန်နှင့်က​နေဒါနိုင်ငံတို့ကလည်း ဦး​တေဇနှင့်၎င်း၏သားနှစ်ဦးဖြစ်​သောပြည့်ဖြိုး​တေဇ၊ထူးထက်​တေဇတို့ကို ၂၀၂၂ ဇန်နဝါရီ ၃၁ရက်တွင် ဒဏ်ခတ်အ​ရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဘဏ်တွေကနေ​ငွေစက္ကူထုတ်ယူမှု​တွေကိုကန့်သတ်ခဲ့ပြီး​နောက် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာဘဏ်​တွေက​ငွေထုတ်တဲ့အခါကျပ် တစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရလာတယ်လို့ ငွေထုတ်ခဲ့သူတွေ ကပြောပါတယ်။

နိုင်ငံတကာ

လူသား ဝန်ထမ်းတွေရဲ့ နေရာမှာ ဉာဏ်ရည်တု (AI) နည်းပညာ ပိုမို အစားထိုးလာခြင်းနဲ့အတူ လာမယ့် ၃ နှစ်အတွင်း စင်ကာပူရဲ့ အကြီးဆုံးဘဏ်ဟာ ဝန်ထမ်းအင်အား ၄၀၀၀ လောက်ကို လျှော့ချသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေပေးရန်ဟုဆိုကာ ပြည်တွင်းဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ငွေ ဘီလီယံ ၁၅၀ ထုတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

သတင်း

ခေတ်ပျက်ချိန်တွင် ဘဏ်တိုးနှုန်းမြင့်တက်ခြင်းက စီးပွားပျက်ကပ်ဖြစ်နိုင်ဟုစီးပွား​ရေးပညာရှင်တဦး​ပြော