Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

True Money ကAGDဘဏ်နှင့်လက်တွဲဖြုတ်၍ MAB ဘဏ်နှင့်လက်တွဲ

True Moneyသည် ပြည်တွင်း၌ ဘဏ်မဟုတ်သော ငွေလွှဲလုပ်ငန်းများအနက် နာမည်ကြီး ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။

(True Money မြန်မာနှင့် MAB တို့ လုပ်ငန်းပူး​ပေါင်းလုပ်ကိုင်ရန် သ​ဘောတူလက်မှတ်​ရေးထိုးစဥ်။ ဓါတ်ပုံ-Truemoney myanmar)
(True Money မြန်မာနှင့် MAB တို့ လုပ်ငန်းပူး​ပေါင်းလုပ်ကိုင်ရန် သ​ဘောတူလက်မှတ်​ရေးထိုးစဥ်။ ဓါတ်ပုံ-Truemoney myanmar)

ဦးတေဇသားပိုင်သည့် AGDဘဏ်နှင့်လက်တွဲဆောင်ရွက်နေသည့် ငွေကြေးလွှဲပြောင်းမှုဝန်ဆောင်မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထိုင်းကုမ္ပဏီ True Moneyက ထုတ်ပြန်ကြေညာသည်။

မြန်မာစစ်တပ်ကိုလက်နက်ပွဲစားဆောင်ရွက်ပေးနေသည့်ခရိုနီ ဦးတေဇ ၏သားပိုင်ဆိုင်ပြီးအနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားသည့် AGDဘဏ်အစား -မြန်မာ့​ရှေ့​ဆောင်ဘဏ်MABဘဏ်(Myanmar Apex Bank)ဖြင့် ၂၀၂၂ ဒီဇင်ဘာ ၁၆ ရက်ကတည်း လက်တွဲဆောင်ရွက်နေပြီဖြစ်ကြောင်း True Money မြန်မာက တရားဝင်ထုတ်ပြန်ကြေညာသည်။

MAB ဘဏ်သည် စီးပွား​ရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ပိုင်ဆိုင်​သောဘဏ်ဖြစ်ပြီး စစ်​ကောင်စီက ဦးချစ်ခိုင်တို့သားအဖကိုဖမ်းဆီးထားသည်။သို့​သော် ဧဒင်ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးချစ်ခိုင်၏ Denko ဆီဆိုင်လုပ်ငန်း ၊MAB စ​သောလုပ်ငန်းများမှာ ဆက်လက်လည်ပတ်​နေသည်ကို​တွေ့ရသည်။

ထိုင်းအခြေစိုက် True ကော်ပရေးရှင်းက AGDဘဏ်ဖြင့် ၂၀၁၅ခုနှစ်တွင်မြန်မာပြည်တွင်းရှိငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

True Moneyသည် ပြည်တွင်း၌ ဘဏ်မဟုတ်သော ငွေလွှဲလုပ်ငန်းများအနက် နာမည်ကြီး ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။

ထိုင်းနိုင်ငံတွင် True Corporationက ၂၀၀၃ ခုနှစ်၌ TrueMoneyကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပြီး Truemoney Myanmar ကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလတွင် တည်ထောင်ခဲ့သည်။

True Moneyသည်ထိုင်း၊ကမ္ဘောဒီးယား၊မြန်မာ၊အင်ဒိုနီးရှား၊ဗီယက်နမ်နှင့်ဖိလစ်ပိုင် စသည့်နိုင်ငံများတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းစုဖြစ်သည့် VISA Internationalကလည်း AGDဘဏ်နှင့် လက်တွဲလုပ်ကိုင်မူရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ၂၀၂၂ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့သေးသည်။

စစ်ကောင်စီအတွက်လက်နက်ဝယ်ယူရေးဆောင်ရွက်ပေးသည့် ထူးကုမ္ပဏီအုပ်စုကိုဥရောပသမဂ္ဂက ၂၀၂၂ ဖေဖော်ဝါရီ ၂၂ ရက်တွင် စီးပွား​ရေးအရဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ ဗြိတိန်နိုင်ငံကလည်းထူးကုမ္ပဏီအုပ်စုကို ၂၀၂၁ စက်တင်ဘာ၂ ရက်ကတည်းကပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။

ထိုအပြင်အ​မေရီကန်၊ ဗြိတိန်နှင့်က​နေဒါနိုင်ငံတို့ကလည်း ဦး​တေဇနှင့်၎င်း၏သားနှစ်ဦးဖြစ်​သောပြည့်ဖြိုး​တေဇ၊ထူးထက်​တေဇတို့ကို ၂၀၂၂ ဇန်နဝါရီ ၃၁ရက်တွင် ဒဏ်ခတ်အ​ရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။

သတင်း

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

သတင်း

စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြည်တွင်းဘဏ်များမှ ငွေသားထုတ်ယူမှုကို ကန့်သတ်လိုက်ပြီးနောက် ဘဏ်များက ယခုကဲ့သို့ ငွေသားထုတ်ပေးမှုကိုတင်းကြပ်လိုက်ခြင်းဖြစ်သည်။

သတင်း

ပိတ်ဆို့အရေးယူပြီး သိပ်မကြာခင်မှာပဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဒါကာမြို့မှာရှိတဲ့ အမေရိကန် သံရုံးက MFTB နဲ့ MICB ဘဏ်အကောင့်တွေကိုပိတ်ပစ်ဖို့ ဖိအားပေးခဲ့တာပါ။