Connect with us

Hi, what are you looking for?

သတင်း

အသေးစား၊ အလတ်စားလုပ်ငန်းများကို​ ငွေ​ချေးရန်ဆိုကာ ဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ဘီလီယံ ၁၅၀ ငွေဖြည့်ပေးဟုဆို

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေပေးရန်ဟုဆိုကာ ပြည်တွင်းဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ငွေ ဘီလီယံ ၁၅၀ ထုတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

စောနွေဦး/People’s Spring

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေပေးရန်ဟုဆိုကာ ပြည်တွင်းဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ငွေ ဘီလီယံ ၁၅၀ ထုတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ချေးငွေဆိုင်ရာလုပ်ငန်းတို့အကြားပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များဟုဆိုကာ စစ်ကောင်စီနှင့် ပြည်တွင်းဘဏ် ၁၅ ခုတို့ အောက်တိုဘာ ၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အသေးစား၊ အငယ်စားနှင် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)ဖွံဖြိုးတိုးတက်စေရန်ဟုဆိုကာ ကျပ်ငွေ ဘီလီယံ ၁၅၀ကို စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တို့အပါအဝင် ဘဏ်၁၅ခုကို ချေးငွေအဖြစ်ပေးမည်ဟု ဆိုထားသည်။

ထိုချေးငွေအတွက် ဘဏ်များက ချေးငွေထုတ်ချေးမည့် နည်းလမ်းများ၊ အဆိုပြုလွှာများကို စစ်ကောင်စီထံတင်ပြရသည်ဟုလည်းဆိုသည်။ ထုတ်ချေးသည့်ဘဏ်အမည်များကိုစစ်ကောင်စီကထုတ်ပြန်ကြေငြာခြင်းမရှိပေ။

“ဒီချေးငွေတွေက MSMEတွေစီကို ရောက်မှာမဟုတ်ဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးကောင်းနေတဲ့ အချိန်မှာတောင် ဒီလုပ်ငန်းတွေဆီကို ချေးငွေရောက်ဖို့ အရမ်းခက်တာ အခုချိန်မှာ ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဏ်တွေအတွက်လိုအပ်တဲ့ ငွေကြေးကို ခေါင်းစဉ်တပ်ပြီး ဖြည့်ပေးလိုက်တာလိုပဲ သတ်မှတ်ရမှာပဲ”ဟု ပြည်တွင်းဘဏ်မန်နေဂျာတစ်ဦးက ပြောသည်။

စစ်ကောင်စီက MSMEလုပ်ငန်းများအတွက် ကျပ်ငွေ ဘီလီယံ ၁၇၀ ကို ရန်ပုံငွေအဖြစ်တည်ထောင်ထားပြီး ထိုထဲမှ ကျပ် ဘီလီယံ ၁၅၀ ကို ယခုထုတ်ချေးခြင်းဖြစ်သည်ဟု စစ်ကောင်စီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်​ကောင်စီက တိုင်းပြည်စီးပွား​ရေးနှင့်ဘဏ္ဍာ​ရေးအကြပ်အတည်းဖြစ်လာချိန်တွင် ​ငွေစက္ကူအများအပြားရိုက်ထုတ်​သောနည်းဖြင့်​ဖြေရှင်း​နေသည်။

သို့​သော်သြဂုတ်ဘလယ်တွင် တရုတ်နိုင်ငံခြား​ရေးဝန်ကြီဝမ်ယိ ခရီးစဥ်ပြီး​နောက် တရုတ်က စစ်​ကောင်စီကို တရုတ်ယွမ် ၃ ဘီလီယံ(​ဒေါ်လာ သန်း ၄၃၀ခန့်)ကို သဘာဝဓါတ်​​ငွေဖိုး​​ခေါင်းစဥ်ဖြင့်​ပေးခဲ့​ကြောင်းစုံစမ်းသိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီး​နောက်ပိုင်း ၃ နှစ်အတွင်း ကျပ် ၃၀ ထရီလီယံ(၁ ထရီလီယံတွင် ၁၀၀၀ ဘီလီယံရှိသည်) ခန့် ရိုက်ထုတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောထားသည်။

ထိုအပြင် သြဂုတ်လတွင်စစ်​ကောင်စီသည်တပါတ်အတွင်းကျပ် ၃ ထရီလီယံရိုက်ထုတ်ခဲ့​ကြောင်း ဧရာဝတီသတင်းဌာနက​ရေးသားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။