Connect with us

Hi, what are you looking for?

သတင်း

ငွေလွဲ၊ငွေထုတ်ရာတွင် မှတ်ပုံတင်မဖြစ်မနေယူလာရမည်ဟု Wave Money ဆို

“ယခုကစပြီး ပိုမိုလုံခြုံစိတ်ချရသော Wave Money ငွေလွဲခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများအားလုံးအတွက် မှတ်ပုံတင် ယူဆောင်လာဖို့ လုံးဝ(လုံးဝ) မမေ့ကြနဲ့နော်”ဟု Wave Money က ဆိုသည်။

ငွေလွဲ၊ငွေထုတ်ရာတွင် မှတ်ပုံတင်မဖြစ်မနေယူလာရမည်ဟု Wave Money ဆို
ငွေလွဲ၊ငွေထုတ်ရာတွင် မှတ်ပုံတင်မဖြစ်မနေယူလာရမည်ဟု Wave Money ဆို

Wave Money ဆိုင်များမှ ငွေလွဲ၊ငွေထုတ် ဝန်ဆောင်မှုများအတွက် မှတ်ပုံတင်မဖြစ်မနေ ယူဆောင်လာပြီး အချက်အလက်အပြည့်အစုံဖြည့်တင်းရမည်ဟု Wave Money မိုဘိုင်းငွေရေးကြေးရေးကုမ္ပဏီက ယနေ့ ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီက မိုဘိုင်းဖုန်းအသုံးပြု ငွေရေးကြေးရေးကုမ္ပဏီများအား ငွေလွဲ၊ ငွေထုတ်သူများ​၏ ကိုယ်ရေးအချက်အလက်ရယူရန်နှင့် ဓာတ်ပုံခိုးရိုက်ထားရန်ဟူသော အစရှိသည့် စည်းကမ်းများတင်းကြပ်ပြီးနောက် Wave Moneyကုမ္ပဏီဘက်က ယနေ့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ယခုကစပြီး ပိုမိုလုံခြုံစိတ်ချရသော Wave Money ငွေလွဲခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများအားလုံးအတွက် မှတ်ပုံတင် ယူဆောင်လာဖို့ လုံးဝ(လုံးဝ) မမေ့ကြနဲ့နော်”ဟု Wave Money က ဆိုသည်။

ငွေလွဲ/ငွေထုတ်ပြုလုပ်ရာတွင် မှတ်ပုံတင်ယူရမည်ဟူသော ကြေညာချက်ကို Wave Money ကုမ္ပဏီတစ်ခုကသာ ထုတ်ပြန်ကြေညာခဲ့ပြီး အခြားမိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းဖြစ်သည့် Kpay ၊ True Moneyစသည့်တို့က ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးမှာ ကျေးရွာတွေက မှတ်ပုံတင်လာလုပ်သူတွေကို ပျူစောထီးရွာတွေကမဟုတ်ရင် လုပ်မပေးကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကုမ္ပဏီများကို အွန်လိုင်းတဆင့်မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအမျိုးအစား၊ဒါရိုက်တာများ၊ ကုမ္ပဏီလိပ်စာများနှင့် ကုမ္ပဏီအကြောင်းအရာများ အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်း၊မကွေးနဲ့မန္တလေးတိုင်းအပါအဝင် ပြည်နယ်အချို့က အလုပ်သမားတွေကို ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင် ကိုအခြေခံပြီး စစ်ကောင်စီနဲ့ အပေါင်းအပါ လုပ်ငန်းရှင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေလုပ်နေတယ်လို့ NUG ကဆိုထားပါတယ်။

News

ဒါဟာ စစ်ကောင်စီက ဆောင်ရွက်နေတဲ့ ပန်းခင်းစီမံချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုကို ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ဆောင်ရွက်ခွင့်မပြုတော့တာ ဖြစ်ပါတယ်။