Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကျောက်စိမ်းတူး​ဖော်​ရေးလုပ်ငန်းများစက်သုံးဆီမသို​လှောင်ရန် KIA အသိ​ပေး

” လက်နက်မပြည့်စုံလို့ကြာနေတာ။လက်နက်သာအပြည့်အစုံရှိရင် လူထုတော်လှန်ရေးကအောင်နေပြီ” ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်​ကျောက်စိမ်းတူး​ဖော်​ရေးလုပ်ငန်းခွင်တစ်ခု။ ။ဓါတ်ပုံ-CJ
ဖားကန့်​ကျောက်စိမ်းတူး​ဖော်​ရေးလုပ်ငန်းခွင်တစ်ခု။ ။ဓါတ်ပုံ-CJ

▪︎စစ်​ရေးတင်းမာ​နေပြီးအချိန်မ​ရွေးစစ်ဖြစ်နိုင်၍ စစ်​ရေးအတွက်အ​နှောက်အယှက်မဖြစ်​အောင်ကန့်သတ်ခြင်းဖြစ်နိုင်ဟု​ဒေသခံလွှတ်​တော်အမတ်သုံးသပ်

ဖားကန့်​ဒေသတွင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ မိုင်းခွဲရမည့်အချိန်ကိုကချင်လွတ်လပ်​ရေးတပ်မ​တော်- KIA က ကန့်သတ်ပြီးနောက် လောင်စာဆီသိုလှောင်ခြင်းမပြုကြရန်လည်း ထပ်မံသတိပေးချက်ထုတ်ပြန်သည်။

ဖားကန့်မြို့နယ် ရှဒူဇွပ်ကျေးရွာအနီး ပတ်ဝန်းကျင်တွင် ဆီဆိုင်များအပါအဝင် ဓါတ်ဆီ၊ ဒီဇယ်များသည် ဇန်နဝါရီလ ၁၁ ရက်နောက်ဆုံးထား၍ စက်သုံဆီသိုလောင်ခြင်း မပြုကြရန် KIA အမှတ် (၁၄) တပ်ရင်းက ဇန်နဝါရီလ ၇ ရက်နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။ စက်သုံးဆီသို​လှောင်ထားပါကဆိုင်ပိုင်ရှင်ကိုအ​ရေးယူမည်ဟုလည်း​ဖော်ပြထားသည်။ မည်သည့်အတွက်​ကြောင့် ထိုသို့တားမြစ်ထားသည်ကိုမူ​ဖော်ပြထားခြင်းမရှိ​ပေ။

KIA ထုတ်ပြန်ချက်
KIA ထုတ်ပြန်ချက်

ဖားကန့်ကျောက်စိမ်း လုပ်ကွက်များတွင် မိုင်းခွဲတူးဖော်ခြင်းကို ည ၁၁ နာရီမှ နံနက်ပိုင်း ၁ နာရီအချိန်အထိသာ ပြုလုပ်ကြရန် အမှတ် (၆) တပ်ရင်းကဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။မိုင်းခွဲရမည့်အချိန်ကိုကန့်သတ်​ကြောင်းထုတ်ပြန်ပြီး​နောက်တစ်ရက်တွင် စက်သုံးဆီသို​လှောင်ခြင်းမပြုရန်ထုတ်ပြန်ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ဖားကန့်ဒေသ၌စစ်ရေးတင်းမာနေပြီး တိုက်ပွဲများအချိန်မရွေးဖြစ်နိုင်၍ စစ်ရေးအတွက် အနှောက်အယှက်မဖြစ်စေရန် KIA အနေဖြင့် ယခုကဲ့သို့ ကန့်သတ်ချက်များထုတ်ပြန်လာ​​ခြင်းဖြစ်သည်ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဟိန်းမင်းက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဖားကန့်ကို ထိန်းချုပ်နိုင်ရေးကြိုးစားနေသော်လည်းလူထုထောက်ခံမှုမရ၍ အချည်းနှီးဖြစ်နေသည်။ လူထုက KIA နှင့် PDF ပူးပေါင်းအဖွဲ့ကိုထောက်ခံပြီး စစ်အာဏာရှင်တော်လှန်ရေးတွင်နည်းမျိုးစုံပါဝင်ပေးနေကြောင်း ဒေသခံများကပြောသည်။

” လက်နက်မပြည့်စုံလို့ကြာနေတာ။လက်နက်သာအပြည့်အစုံရှိရင် လူထုတော်လှန်ရေးကအောင်နေပြီ” ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။