Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ်တွင်ပျူ​ခေါင်း​ဆောင်နှစ်ဦးရှင်းလင်းခံရပြီး​နောက်ပျူများကမြို့​ပေါ်မှNLDပါတီဝင်အချို့ကိုဖမ်းဆီးသတ်ဖြတ်

ပျူ​ခေါင်း​ဆောင်နှစ်ဦး ရှင်းလင်းခံရပြီး​နောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့ သည် ဒေသခံ NLD ပါတီဝင်များ၏အိမ်များကို အကြမ်းဖက်ဝင်ရောက်ပြီး ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်​နေ​ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

(စစ်ကိုင်းတိုင်းတစ်​နေရာတွင် စစ်​ကောင်စီတပ်သားများက ပျူ​စောထီးများကို စစ်သင်တန်း​​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းတစ်​နေရာတွင် စစ်​ကောင်စီတပ်သားများက ပျူ​စောထီးများကို စစ်သင်တန်း​​ပေးအပ်​နေစဥ်။ဓါတ်ပုံ-CJ)

တမူးမြို့နယ်တွင် ပျူစောထီးနှစ်ဦးအသတ်ခံရပြီးနောက် စစ်​ကောင်စီလက်​အောက်ခံပျူစောထီးအဖွဲ့က အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်​ဒေသခံအချို့ကိုလိုက်လံ ဖမ်းဆီးသတ်ဖြတ်နေ​ကြောင်း​​ဒေသခံများက​ပြောသည်။

တမူးမြို့နယ်ဘ၊ခမ်းပတ်ဒေသ ၊မလူရွာတွင်သေနတ်ကိုင်ပြီး လမ်းမပေါ် ဆတ်ကြေးကောက်နေသည့် ကြံ့ခိုင်ရေးပါတီဝင်ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို ခဇန်နဝါရီ ၉ရက်ညနေကအမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီးခေါင်းဆောင် ဝင်းအောင်နှင့်ချစ်ဝင်း သေဆုံးခဲ့သည်။ပျူစောထီးခေါင်းဆောင်နှစ်ဦးအား မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ရှင်းလင်းသည်ကိုမသိရသေးပေ။

ပျူ​ခေါင်း​ဆောင်နှစ်ဦး ရှင်းလင်းခံရပြီး​နောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့ သည် ဒေသခံ NLD ပါတီဝင်များ၏အိမ်များကို အကြမ်းဖက်ဝင်ရောက်ပြီး ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်​နေ​ကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” NLD ပါတီအမာခံ ကိုတင့်နဲ့ ဦးထွန်းမြင့်သန်းတို့သားအဖကို ဖမ်းပြီး သတ်ပစ်တယ်။ ကိုတင့်အပါအဝင် နှစ်ယောက်သေဆုံးတယ်။ ဦးထွန်းမြင့်သန်းသတင်းဒီမနက်အထိမကြားရသေးဘူးဖြစ်နေတယ်” ဟု သေဆုံးသူ ကိုတင့်၏ မိတ်ဆွေတစ်ဦးကယနေ့နံနက်တွင် People’s Springသို့ပြောသည်။

Public Service Announcement

Public Service Announcement

ရင်းနှီးသူများက ကိုတင့်ဟုခေါ်သည့် မလူရွာဒေသခံ ဦးတင့်သည် အသက် ၆၀ ခန့်ရှိပြီး အေးအေးဆေးဆေးနေတတ်သူဖြစ်​ကြောင်းမိတ်ဆွေများကပြောသည်။ပျူ​စောထီးအဖွဲ့က တမင်ရန်ရှာကာ သတ်ဖြတ်​​ခြင်းဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ကိုတင့်သားတွေက နိုင်ငံခြားမှာ အလုပ်လုပ်နေတာ။ အခုက ကိုတင့်ကို တမင်ရက်ရက်စက်စက်သတ်ပစ်တာ။ပျူတွေ တော်တော်ကို ဆိုးနေတယ်။ ဒေသခံ NLD ပါတီဝင်တွေလည်း မနေရဲကြလို့ တိမ်းရှောင်နေကြရတယ်” ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

တမူးမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားကောင်းသော်လည်း တမူးမြို့​ပေါ်တွင်စစ်ကောင်စီနှင့်ပျူစောထီးများကစိုးမိုးထားဆဲဖြစ်သည်။ ပျူ​ အဖွဲ့ဝင်အများစုသည် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ပြီးစစ်​ကောင်စီတပ်က ပျူများကို လက်နက်​ပေးပြီးအကာအကွယ်​ပေးထား​ကြောင်း​ဒေသခံများက​ပြောသည်။

၂၀၂၂ ဇူလိုင်လ ၅ ရက်ကလည်းအိန္ဒိယနိုင်ငံ မိုးရေးမြို့သား ၂ ဦးဖြစ်သည့် Mohan (၂၈ နှစ်) နှင့် M Iyarnar (၃၅ နှစ်)တို့နှစ်ဦးသည်တမူးမြို့ပေါ်ရှိ ၎င်းတို့သူငယ်ချင်း မွေးနေ့သို့ လာရောက်စဉ် တမူးမြို့လယ်ခေါင် စော်ဘွားရပ်ကွက်၊ အမက (၄) ကျောင်းအနီး ပျူစောထီးအဖွဲ့က ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်၍သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။