Connect with us

Hi, what are you looking for?

သတင်း

တနိုင်းရှိ ရွှေမှော်အချို့အား စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ ၀င်ရောက်စီးနင်းပြီး စက်ယန္တရားများကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်မှ တိုင်းစစ်ဌာနချုပ် အမိန့်ဟုဆိုကာ ရွှေမှော်ရှိ ဘတ်ဟိုး ၂၀ကျော်နှင့် တဲအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - The Kachin Net's Post
ဓာတ်ပုံ - The Kachin Net's Post

▪️KIAက ပြည်သူ့စစ်နယ်မြေရှိ ရွှေမှော်များ ပိတ်သိမ်းခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်နိုင်ဟု ဒေသခံပြော

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေမှော်အချို့အား စစ်ကောင်စီတပ်နှင့် ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီး လုပ်ငန်းရှင်များ၏ စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

စစ်ကောင်စီတပ်မှ တိုင်းစစ်ဌာနချုပ် အမိန့်ဟုဆိုကာ ရွှေမှော်ရှိ ဘတ်ဟိုး ၂၀ကျော်နှင့် တဲအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - The Kachin Net's Post
ဓာတ်ပုံ – The Kachin Net’s Post

ဇန်နဝါရီ ၁၄ရက်လည်း တနိုင်းလဘူချောင်းနှင့် ပယင်းမှော်တွင် စစ်ကောင်စီတပ်နှင့် ဝါရာဇွပ် ပြည်သူ့စစ်တပ်တို့ ပူးပေါင်းကာ လူအင်အား ၁၀၀ ကျော်ဖြင့် ရွှေမှော်ရှိ စက်ပစ္စည်းများကို ဖမ်းဆီးခြင်း တဲအိမ်များကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်မှ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လုပ်ငန်းရှင်များထံမှ ပိုက်ဆံများ တောင်းခံမှုများ ရှိသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“သူတို့ ဖမ်းနေတာ ၄ရက်လောက်ရှိပြီ စစ်တပ်နဲ့ ပြည်သူ့စစ်က။ နမ်ဗျူ ၊ လဘူခ ရွှေမှော၊ ပယင်းမှော်ပေါ့။ ပယင်းရော ရွှေရော ထွက်တဲ့နေရာ။ အဲဒီဘက်မှာ လမ်းတွေ ဘက်ဟိုးနဲ့ တူးထားပြီးတော့မှ။ အရင်က နမ်ဗျူရင်း ၁၄တပ်ဟောင်းနေရာရဲ့ ဟိုဘက်ကမ်းပေါ့ လဘူခ မှော်ဆိုတာ။ မီးရှို့ရင်လည်း ရှို့မှာပေါ့။ သူတို့က။ မီးရှို့တာ မရှို့တာတော့ ကျနော်တော့ သေချာမသိဘူး ဖမ်းတယ်ဆိုတာတော့ ဟုတ်တယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် KIAက စစ်ကောင်စီ လက်အောက်ခံ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ နယ်မြေမှ ရွှေမှော်များကို ဇန်နဝါရီ ၁၄ရက်နောက်ဆုံးထားပိတ်သိမ်းရန် စာထုတ်သည့်အပေါ် တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံက သုံးသပ်သည်။

“အဲဒါကို တန်ပြန်တဲ့သဘောအနေနဲ့ လဘူခ မှော် ပယင်းမှော်တို့ ရွှေမှော်တို့ကို ပြန်ပိတ် ဖမ်းတယ် လမ်းတွေ တူးပစ်လိုက်တယ် သူတို့က။ အင်အားသုံးပြီး တန်ပြန်စစ်ပေါ့”ဟု ဒေသခံက ပြော သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။