NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သရက် -ကံမ-မင်းတုန်း ပူးပေါင်းတပ်ဖွဲ့ Eagle Force အား သရက်ခရိုင်တပ်ရင်း (၄)အဖြစ် အတည်ပြုတာဝန်ပေးအပ်လိုက်ပြီဟု Eagle Forceက ပြောသည်။
သရက် -ကံမ-မင်းတုန်း ပူးပေါင်းတပ်ဖွဲ့ Eagle Force ကို ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်မှု (၁၇) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“တပ်ဖွဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ပေးအပ်လာမယ့် တာဝန်များကို ကျေပွန်အောင်ထမ်းရွက်ပြီး စစ်အာဏာရှင်စနစ် အပြီးပြတ်ကျဆုံးသည်အထိဆန့်ကျင်တော်လှန်သွားမှာဖြစ်ပါတယ်”ဟု သရက်ခရိုင် PDF တပ်ရင်း (၄)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
တပ်ဖွဲ့၏ စစ်ရေးတိုက်ခိုက်မှု (၁၇)ကြိမ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၄ဦးနှင့် စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန်ဟုဆိုသူလေးဦးကို သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။

Public Service Announcement
၎င်းတို့တပ်ဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယနေ့အချိန်ထိ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၏လမ်းညွှန်ဂိုက်လိုင်းများအတိုင်း ရပ်တည်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း တပ်ဖွဲ့ဝင်ရဲဘော် (၁၈)ဦး ကျဆုံးခဲ့ရကြောင်း အသိပေးထားသည်။


















































