Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်တိုက်ပွဲတွင် ကျဆုံးသွားခဲ့သော ရဲဘော် မားရီယို ဈာပနအခမ်းအနား ယနေ့ပြုလုပ်

ရဲဘော် မားရီယိုသည် လူမဆန်သော အကြမ်းဖက် စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲဝင်ရာတွင် မလျော့သော သတ္တိမဆုတ်မနှစ် စိတ်ဓာတ်ဖြင့် ရှေ့ဆုံးမှ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင် တော်လှန်ခဲ့ကြောင်းလည်း လွိုင်ကော် PDFက ပြောသည်။

ဓာတ်ပုံ - PDF Loikaw
ဓာတ်ပုံ - PDF Loikaw

ကရင်နီပြည်နယ် လွိုင်ကော်မြို့အနီးတိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသော ရဲဘော် မားရီယို၏ ဈာပနအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း လွိုင်ကော် PDFက အသိပေး ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ရက်က ဖားမောကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သောရဲဘော် မားရီယိုသည် လွိုင်ကော် PDFမှ သူရဲကောင်းရဲဘော်တစ်ဦးဖြစ်ပြီး တိုင်းပြည်အတွက် အသက်ပေးလှူ ကျဆုံးချိန်တွင် အသက်(၄၄)နှစ်ရှိပြီဟု ဆိုသည်။

ရဲဘော် မားရီယိုသည် လူမဆန်သော အကြမ်းဖက် စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲဝင်ရာတွင် မလျော့သော သတ္တိမဆုတ်မနှစ် စိတ်ဓာတ်ဖြင့် ရှေ့ဆုံးမှ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင် တော်လှန်ခဲ့ကြောင်းလည်း လွိုင်ကော် PDFက ပြောသည်။

ဓာတ်ပုံ - PDF Loikaw
ဓာတ်ပုံ – PDF Loikaw

တိုက်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး မိမိကျေးရွာ၊ဒေသ၊ပြည်နယ် ၊တိုင်းပြည်အတွက် ဂုဏ်ရောင် ထွန်းပြောင်စေခဲ့သူဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရဲဘော်၏ ပေးဆပ်မှုအား နမျှောတသဝမ်းနည်းရ​ပြီး လေးစားဦးညွှတ်ကာ မပြီးပြတ်သေးသော တော် လှန်ရေးလုပ်ငန်းကို ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း လွိုင်ကော် PDF က ကျဆုံးရဲဘော်အား ကတိပြုသည်။

ဓာတ်ပုံ - PDF Loikaw
ဓာတ်ပုံ – PDF Loikaw

“ ဒီနေ့လည်း ဒီးမော့ဆို (၆)မိုင်စံပြဘက်မှာ တိုက်ပွဲ ပြင်းထန်တယ်။နှစ်ဖက်အကျအဆုံးရှိတယ်။ကာကွယ်ရေး တပ်ဘက်ကတော့ တစ်ဦးကျဆုံးသွားရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ယခုလ ၂၀ရက်က ကရင်နီ(ကယား)ပြည်နယ်၊ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ မယ်စလောင်းတောင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် လွိုင်ကော် PDF မှာ ကရင်နီတပ်ပေါင်းစုနှင့်အတူ ပူးပေါင်းတိုက်ခိုက်ထားသည်။

ဓာတ်ပုံ - PDF Loikaw
ဓာတ်ပုံ – PDF Loikaw

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားငါးဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများစွာရရှိပြီး ကရင်နီတပ်မတော်(KA)မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေးထားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်ထိခိုက်ဒဏ်ရာရသူများလို့ KK Park ထဲကအ​ဆောက်အအုံတစ်လုံးကို​ရှေ့တန်း​ယာယီဆေးရုံလုပ်ထားလို့ထိုင်းသတင်းဌာန​တွေ​​ဖော်ပြ

သတင်း

နိုဝင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ မနေ့ညပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သုံးပန်းအများအပြားကို KIA ၊KPDF ပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။ ဆန်းကြွယ်နဲ့ ရှရော်ခရွာကို စစ်တပ်စစ်ကြောင်းဝင်လာလို့ ည၇နာရီခန့်ကစပြီး ညနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။ “ စစ်ကြောင်းဝင်လာလို့ပိတ်ဆော်တာပါ။စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ချတာ။ လေယာဉ်လည်းလာတယ်။ တိုက်ပွဲမှာတော့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေပါ...