Connect with us

Hi, what are you looking for?

သတင်း

ဒီးမောဆိုမြို့နယ်အ​ရှေ့ဘက် စစ်​ရေးပြင်းထန်​နေပြီး စစ်ဘေးရှောင်များအရေးပေါ်ပြောင်းရွှေ့

စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးများမှာ စစ်ရှောင်စခန်းများအနီးသို့ ကျရောက်လာခြင်းကြောင့် အရေးပေါ်ပြောင်းရွှေ့နေရသည်ဟု ဆိုသည်။

(ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှ အရေးပေါ်ရွှေ့ပြောင်းနေရသည့် စစ်ရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - NGLM)
(ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှ အရေးပေါ်ရွှေ့ပြောင်းနေရသည့် စစ်ရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - NGLM)

ကရင်နီ(ကယား)ပြည်နယ် ဒီးမောဆိုမြို့နယ် အ​ရှေ့ဘက်၌ စစ်​ရေးပြင်းထန်​နေပြီး စစ်ဘေးရှောင်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးများမှာ စစ်ရှောင်စခန်းများအနီးသို့ ကျရောက်လာခြင်းကြောင့် အရေးပေါ်ပြောင်းရွှေ့နေရသည်ဟု ဆိုသည်။

“နီးစပ်ရာ ရွာတွေက ကားအကူအညီတွေပါယူပြီး အ​ရေး​ပေါ် ​ပြောင်း​ရွှေ့​နေရပါတယ်။စစ်ရှောင်ပြည်သူတွေ လုံခြုံရေးအရ တည်နေရာတော့ ပြောဖို့ မဖြစ်နိုင် သေးဘူး”ဟု ကရင်နီစစ်ဘေးရှောင်ကူညီရေးတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

ကရင်နီပြည်နယ်၌ မိုးဗြဲနှင့် ဖယ်ခုံ​မြို့မှ စစ်ဘေးရှောင် အရေအတွက် အပါအဝင် ၂၀၀,၀၀၀ ဝန်းကျင်ရှိပြီး ထက်ဝက်ခန့်မှာ ဒီးမော့ဆိုမြို့နယ်မှ ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စကစက လူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက် လာတာမျိုးလို့ပြောလို့ရတယ်။တောထဲက စစ်ရှောင်တွေကို မြို့ပေါ်တက်လာစေချင်တာ သူတို့ရည်ရွယ်ချက်ပဲ။အဓိက မကြာခင်သူတို့လုပ်မယ့် ရွေးကောက်ပွဲကို အထမြောက်စေချင်ပုံရတယ်”ဟု ကရင်နီသတင်းရင်းမြစ်က ပြောသည်။

ယခုလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ကရင်နီပြည်နယ်၌ အရပ်သားပြည်သူ လေးဦးသေဆုံးခဲ့ရပြီး ၁၀ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။