Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ရှိ မြဝတီဘဏ်ကင်းစောင့်နေသည့် စစ်သားနှစ်ဦးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်

“အခြား Mission အပြန် ကင်းတဲမှာ သူတို့ကဆေးလိပ်သောက်နေတာမြင်လို့ လုပ်ခဲ့တာပါ။ ရဲဘော်တွေ‌ ပြောကြားချက်အရကတော့ ဆေးလိပ် သောက်နေတဲ့ နှစ်ကောင်နားကပ်ကျတယ်ပြောတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မန္တလေးမြို့ရှိ မြဝတီဘဏ် ယမန်နှစ်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

မန္တလေးမြို့ရှိ စစ်ကောင်စီ၏ မြဝတီဘဏ်ကင်းစောင့်နေသည့် စစ်သားနှစ်ဦးကို လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ကြောင်း People Defence Force Mandalay (PDF-MDY) ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခြား Mission အပြန် ကင်းတဲမှာ သူတို့ကဆေးလိပ်သောက်နေတာမြင်လို့ လုပ်ခဲ့တာပါ။ ရဲဘော်တွေ‌ ပြောကြားချက်အရကတော့ ဆေးလိပ် သောက်နေတဲ့ နှစ်ကောင်နားကပ်ကျတယ်ပြောတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ဇန်နဝါရီ ၂၄ ရက် ည ၇နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သတင်းအတိအကျဖော်ပြနိုင်ရန် စုံစမ်းနေသောကြောင့် သုံးရက်ကြာချိန်မှ ထုတ်ပြန်နိုင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အခုက ပြည်သူတွေကနေသားကျသွားပြီဗျ ။ကွဲသံကြားရင်တောင် သူတို့အတွက်က ရိုးသွားကြပြီ။တွေးမိတိုင်းဝမ်းနည်းမိပင်မဲ့ ကျွန်တော်တို့တော်လှန်ရေးကိုဘဲ မျက်နှာမှုထားပါတယ်။ ဘယ်တော့မှမသွေဖယ်သွားပါဘူး”ဟု ၎င်းက သတင်းစုံစမ်းချိန်၌ ကြုံရသည့် အခက်အခဲကို ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် တရားမဝင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ “အဲ့ပွဲလားဘောင်မဝင်ပါဘူးလို့ဘဲ‌‌ ပြောချင်ပါတယ်။ကျွန်တော်တို့ပြည်သူတွေလဲ ဒီလိုဘဲလို့ ယုံကြည်ပါတယ်။ပြည်သူတွေကိုသတိပေးချင်တာကတော့ စကစ အသိုင်းအဝိုင်းနဲ့အဝေးဆုံးမှာနေပေးကြဖို့ပါဘဲ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။