Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အသံတိတ်သပိတ်ဆင်နွှဲနေချိန် မန္တလေးစည်ပင်က ကျုံးဘေးမှာ ပွဲတော်ကျင်းပ

သပိတ်ဆင်နွှဲနေချိန်အတွင်း မန္တလေးမြို့ပေါ်က အထင်ကရလမ်းမကြီးတွေ၊ လမ်းသွယ်တွေမှာပါ အသွားအလာကင်းမဲ့သွားခဲ့တာပါ။

အသံတိတ်သပိတ်ဆင်နွှဲနေချိန် မန္တလေးစည်ပင်က ကျုံးဘေးမှာ ပွဲတော်ကျင်းပ
အသံတိတ်သပိတ်ဆင်နွှဲနေချိန် မန္တလေးစည်ပင်က ကျုံးဘေးမှာ ပွဲတော်ကျင်းပ

စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကိုမန္တလေးမှာ ဆင်နွှဲနေချိန် မန္တလေး စည်ပင်က နှစ် ၃၀ ပြည့် ပွဲ ကျုံးတောင်ဘက်ခြမ်းမှာ လမ်းပိတ်ပြီး ကျင်းပတယ်လို့စုံစမ်းသိရပါတယ်။

ကျုံးတောင်ဘက်ခြမ်း စည်ပင်ရုံးရှေ့ ၇၂လမ်းကနေ ၆၈လမ်းအထိ လမ်းပိတ်ထားပြီး ပွဲပြုလုပ်နေတာပါ။

“ စည်ပင်ရုံးရှေ့ဘက်ခြမ်းကိုပိတ်ထားတယ် ၊ ကျုံးဘေးက လမ်းတစ်ခြမ်းတော့ဖွင့်ပေးထားတယ်။ လူစည်ကားတယ်ဆိုတာပြချင်နေတာ” လို့ ဖြတ်သန်းသွားလာခဲ့တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒီလို စည်ပင်က နှစ်ပတ်လည်ပွဲလုပ်ပေမယ့် လူထုကတော့ အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြတာတွေ့ရပါတယ်။

သပိတ်ဆင်နွှဲနေချိန်အတွင်း မန္တလေးမြို့ပေါ်က အထင်ကရလမ်းမကြီးတွေ၊ လမ်းသွယ်တွေမှာပါ အသွားအလာကင်းမဲ့သွားခဲ့တာပါ။