Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဖမ်းခံရတဲ့ ဆိုင်ကယ်တွေ အသံတိတ်သပိတ်နေ့မှာ လာရွေးခိုင်း

ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင်မပါရှိသူတွေကို ယခင်လို ချလံဖြတ်၊ ဒဏ်ငွေပေးဆောင်တာမျိုးမဟုတ်ဘဲ ဆိုင်ကယ်ကို သိမ်းလိုက်ပြီး မနက်ဖြန် လာရွေးခိုင်းတာပါ။

မန္တလေးမှာ စစ်ဆေးမှုပြုလုပ်နေစဉ် (ပုံဟောင်း)
မန္တလေးမှာ စစ်ဆေးမှုပြုလုပ်နေစဉ် (ပုံဟောင်း)

မန္တလေးမှာ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေ ကို တော်လှန်ရေးအင်အားစုတွေဘက်က အသံတိတ်သပိတ်ဆင်နွှဲမယ့် မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကောင်စီဘက်က ပြန်လာရွေးခိုင်းတယ်လို့ စုံစမ်းသိရပါတယ်။

ဒီနေ့တစ်နေ့လုံး မန္တလေးကနေရာအနှံမှာ ဆိုင်ကယ်ဖမ်းတာတွေကို စစ်ကောင်စီလက်အောက်ခံတွေက ပြုလုပ်ခဲ့ပါတယ်။

ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင်မပါရှိသူတွေကို ယခင်လို ချလံဖြတ်၊ ဒဏ်ငွေပေးဆောင်တာမျိုးမဟုတ်ဘဲ ဆိုင်ကယ်ကို သိမ်းလိုက်ပြီး မနက်ဖြန် လာရွေးခိုင်းတာပါ။

” မနက်ကတည်းက တစ်မြို့လုံးပတ်စစ်နေတာ၊ နေရာအနှံ့ပဲ ၊ပိတ်စစ်နေတာ၊ဆိုင်ကယ်က အကုန်ပြည့်စုံတာတောင်မှ အကုန်ရှာတာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ ဆိုင်ကယ်ဖမ်းတာကို မနေ့က ဇန်နဝါရီလ ၃၀ ရက် ကစတင်ပြီး စစ်ကောင်စီက ပိုအားစိုက်ခဲ့တာပါ။

မနက်ဖြန် ပြုလုပ်မယ့် အသံတိတ်သပိတ်ကိုလှုံဆော်သူတွေ ၊ ပါဝင်မယ့်ဈေးဆိုင်တွေ ကိုအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။