Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာရှ-ပစိဖိတ်မှာ မြောက်ကိုရီးယားပြီးရင် အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်

ကမ္ဘာတစ်ဝန်း နိုင်ငံ​ပေါင်း ၁၈၀ ကို အကဲဖြတ်ရာမှာ​​နောက်ဆုံးက​​ရေတွက်ရင် အဂတလိုက်စားဆုံးနိုင်ငံတွထဲမှာ အဆင့် ၂၁ မှာ ရပ်တည်​နေတာဖြစ်ပါတယ်။

အာရှ-ပစိဖိတ်မှာ မြောက်ကိုရီးယားပြီးရင် အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်
အာရှ-ပစိဖိတ်မှာ မြောက်ကိုရီးယားပြီးရင် အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်

▪︎နိုင်ငံ​ပေါင် ၁၈၀ တွင် အဂတိလိုက်စားမှုအဆိုးဆုံးနိုင်ငံ​များတွင်အဆင့် ၂၁တွင်​​ရောက်ရှိ​နေ

အသစ်ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ အဂတိ လိုက်စားမှု စစ်တမ်းတစ်ခုအရ အာရှ-ပစိဖိတ် ရပ်ဝန်းမှာ မြန်မာပြီးရင် အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားတစ်ခုသာ ကျန်တော့တာကို တွေ့ရပါတယ်။

အဂတိ လိုက်စားမှုဆိုင်ရာ သိမြင်နားလည်မှု ညွှန်ကိန်း (CPI) စာရင်းကို ၂၀၂၂ ခုနှစ်အတွက် ဇန်နဝါရီ ၃၁ ရက်ကထုတ်ပြန်ခဲ့ရာမှာ နိုင်ငံပေါင်း ၁၈၀ ရဲ့ အဂတိ ကင်းစင်မှု၊ ထူပြောမှု အခြေအနေတွေကို စနစ်တကျ သုတေသနပြု ဖော်ပြထားပါတယ်။ နှစ်အလိုက် ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ ၂၀၁၇ ကစလို့ နိုင်ငံ အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ အဂတိ တိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် ပိုဆိုးသွားတာ၊ ထိထိရောက်ရောက် မဆောင်ရွက်နိုင်တာတွေသာ ရှိနေတယ်လို့လည်း CPIက မှတ်ချက် ပေးထားပါတယ်။

အဂတိ ထူပြောလေလေ၊ ရမှတ်နည်းလေလေအဖြစ် စာရင်းတွက်ချက်ထားရာမှာ မြန်မာက ၂၃ မှတ်ပဲ ရပြီး အဆင့် ၁၅၇ နေရာကို ရောက်သွားပါတယ်။ ဒါဟာ ၂၀၂၁ တုန်းက ၂၈ မှတ်ရပြီး အဆင့် ၁၄၀ နေရာမှာ ရပ်တည်ဖူးရာကနေ သိသိသာသာ ကျဆင်းသွားတာ ဖြစ်ပါတယ်။ အာရှ-ပစိဖိတ် ရပ်ဝန်းမှာ မြန်မာထက် အဆင့်နိမ့်တာဆိုလို့ ၁၇ မှတ်ပဲရပြီး အဆင့် ၁၇၁ ကို ရောက်နေတဲ့ မြောက်ကိုရီးယားပဲ ရှိတော့တဲ့ သဘောပါ။

၂၀၂၀ ခုနှစ်မှာ အဆင့်၁၃၇ မှာရပ်တည်ခဲ့တာပါ။ဒါ​ကြောင့် စစ်အုပ်စု အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်းမှာ အဆင့် ၂၀ ကျဆင်းသွားတာဖြစ်ပါတယ် ။

ကမ္ဘာတစ်ဝန်း နိုင်ငံ​ပေါင်း ၁၈၀ ကို အကဲဖြတ်ရာမှာ​​နောက်ဆုံးက​​ရေတွက်ရင် အဂတလိုက်စားဆုံးနိုင်ငံတွထဲမှာ အဆင့် ၂၁ မှာ ရပ်တည်​နေတာဖြစ်ပါတယ်။

CPIကို ဦးဆောင် ကောက်ယူခဲ့တဲ့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ အကြီးအကဲဖြစ်သူ ဖာရယ်ရာ ရူဘီယိုက အဂတိ ကိစ္စတွေဟာ ကမ္ဘာကြီးကို ပိုမို ဘေးအန္တရာယ်ကြီးမားတဲ့ နေရာတစ်ခု ဖြစ်လာစေကြောင်း၊ အဂတိမှုတွေကို ကိုင်တွယ်ထိန်းချုပ်ဖို့ ပျက်ကွက်တဲ့ အစိုးရတွေဟာ ကမ္ဘာအနှံ့မှာ ပြည်သူတွေ ဘေးအန္တရာယ် ကျရောက်အောင် သက်ရောက်မှုတွေ ဖြစ်ပေါ်နေစေကြောင်း ပြောကြားခဲ့ပါတယ်။

အဂတိ အကင်းစင်ဆုံး နိုင်ငံတွေ စာရင်းမှာတော့ မနှစ်ကအတိုင်း ဒိန်းမတ်က ဦးဆောင်နေပြီး ရမှတ် အနေနဲ့လည်း မနှစ်ကထက် ၂ မှတ်တိုးပြီး စုစုပေါင်း အမှတ် ၉၀ ဖြစ်လာပါတယ်။ ဒိန်းမတ်ရဲ့ နောက်မှာတော့ ဖင်လန်၊ နယူးဇီလန်၊ နော်ဝေးနဲ့ စင်ကာပူတို့က ၂၀၂၁ ခုနှစ်ကအတိုင်း ထိပ်ဆုံး ၅ နေရာမှာ အစဉ်လိုက် ရပ်တည်နေတာ တွေ့ရပါတယ်။

You May Also Like

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အမျိုးအစားစုံ ဒုံးကျည်တွေ ပစ်လွှတ်ပြခဲ့ပါသေးတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစလို့ နျူကလီးယား လက်နက် စမ်းသပ်ဖောက်ခွဲမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီထဲက ၄ ကြိမ်ဟာ ကင်မ်ရဲ့ လက်ထက်မှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်စလှုံ့ဆော်တဲ့ မှတ်ချက်စကားတွေ၊ ကိုရီးယား ကျွန်းဆွယ်တဝိုက်က ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ အမြန်ဆုံး ရပ်တန့်အောင် တောင်းဆိုဖို့ လိုတယ်လို့လည်း ကင်မ်က ဆိုပါတယ်။

သတင်း

မြန်မာပြည်သူများအတွက် ဂျပန်အစိုးရ ပေးအပ်မည့် ဒေါ်လာ ၄၇ သန်းကျော်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGO များမှတဆင့် ပြည်သူများထံ တိုက်ရိုက်အကျိိုးရှိိရန် ဖြစ်ကြောင်း ဖော်ပြသည်။