Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့တွင် တပ်မ(၁၀၁)​၏ ယာဥ် မိုင်းဆွဲတိုက်ခိုက်

မိုင်းဆွဲခံရသော စစ်ကောင်စီတပ်များသည် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပခုက္ကူမှ လူမှုကူညီရေးယာဉ်များဖြင့် သယ်ဆောင်သွားကြောင်း မြိုင်(ပကဖ) ခေါင်းဆောင်က ပြောသည်။

(ကန်တော်ရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဉ်)
(ကန်တော်ရွာအား စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဉ်)

▪️စစ်အုပ်စုက မိုင်းထိရာအနီးကျေးရွာ မီးရှို့ဖျက်ဆီးသွား

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)မှ ထွက်ခွာလာသော စစ်ကောင်စီယာဥ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မိုင်းထိစစ်ကောင်စီတပ်ကအနီးရှိကျေးရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃ရက်) နံနက် ၈ နာရီ ၁၅မိနစ်ခန့်က ပခုက္ကူ တပ်မ(၁၀၁)မှ ထွက်ခွာလာသော စစ်ကောင်စီ၏ ဖောကားတစ်စီးအား ကန်တော်ကျေးရွာနှင့် ကမ္မမြို့ကြားတွင် မိုင်းပွိုင့် သုံးပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ) ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

“ပခုက္ကူကနေ ကမ္မ၊ ကိုင်းတောမနဲ့ မြိုင်ဘက်ကိုသွားတာပါ။ အင်အားက ၆ဝ ကျော်လောက်ပါတယ်။”ဟု မြိုင်(ပကဖ) ခေါင်းဆောင်က ပြောသည်။

ထို့နောက် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ် နှင့်ပျူစောထီး အင်အား ၁၀၀ကျော်က ကန်တော် ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲခံရသော စစ်ကောင်စီတပ်များသည် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပခုက္ကူမှ လူမှုကူညီရေးယာဉ်များဖြင့် သယ်ဆောင်သွားကြောင်း မြိုင်(ပကဖ) ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီတပ်သည် ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်က တစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း ၇၀ခန့် ပျက်စီးဆုံးခဲ့သည်။ ဇန်နဝါရီ ၃၁ ရက် ကလည်း ပခုက္ကူမြို့နယ် ဆားကျင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်‌ခြေ ၃၀ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါ ကျေးရွာနှစ်ရွာနှင့် အနီးတဝိုက်ကျေးရွာများရှိ ဒေသခံပြည်သူ၂,၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ခဲယမ်းအများအပြားနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရရှိ