Connect with us

Hi, what are you looking for?

သတင်း

ရောင်နီလာရာလမ်းမှတ်တမ်းရုပ်ရှင်အဖွင့် သိန်းကိုးရာကျော်ရ

ဂျပန်နိင်ငံ တိုကျိုမြို့လယ်က ပရိသတ် ၁၃၀၀ ဆံ့တဲ့ရုံကြီးမှာ လက်မှတ် ၁၂၀၀ ကျော်ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။

ရောင်နီလာရာလမ်းမှတ်တမ်းရုပ်ရှင်အဖွင့် သိန်းကိုးရာကျော်ရ
ရောင်နီလာရာလမ်းမှတ်တမ်းရုပ်ရှင်အဖွင့် သိန်းကိုးရာကျော်ရ

ရောင်နီလာရာလမ်းမှတ်တမ်း ရုပ်ရှင်၏ အဖွင့်ပွဲကို ဂျပန်နိုင်ငံ၌ ပြသခဲ့ရာ လက်မှတ်ခ ငွေသိန်း ကိုးရာကျော်ရရှိခဲ့သည်ဟု ကိုပေါက်က အသိပေးထားသည်။

ဂျပန်နိင်ငံ တိုကျိုမြို့လယ်က ပရိသတ် ၁၃၀၀ ဆံ့တဲ့ရုံကြီးမှာ လက်မှတ် ၁၂၀၀ ကျော်ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။

“ ရောင်နီလာရာလမ်း အဖွင့်ပွဲ။တပွဲတည်းနဲ့ သိန်း ၉၀၀ ကျော်ရရှိခဲ့ပါတယ်။ ဂျပန်ရောက် မြန်မာတွေကို အရမ်းလေးစားတယ်။သူတို့တွေ တော်လှန်ရေးအတွက် အမြဲတက်ကြွတယ်။” ဟု ကိုပေါက်ကရေးသားထားသည်။

ရောင်နီလာရာလမ်း ရုပ်ရှင်သည် တော်လှန်ရေးကာလတွင် ကြုံခဲ့ရသည့် ဒါရိုက်တာကိုပေါက်၏ အကြောင်းကို မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ ကိုယ်ပြေးတယ်၊ ခိုတယ်၊ နေတယ်၊ ရွှေ့တယ်၊ ‌ဒါတွေအကုန်လုံးကို မှတ်တမ်းတင်ခဲ့တာတွေကို Story တစ်ခုအနေနဲ့ ကိုယ့်ရဲ့တော်လှန်ရေးသမားဘဝဖြတ်သန်းမှုပုံစံမျိုးနဲ့ တင်ပြထားတာဖြစ်တဲ့ အတွက် ကိုပေါက် ဘယ်လိုပြေးခဲ့ရတယ်။ နေခဲ့ထိုင်ခဲ့ရလဲ၊ ဘယ်လိုစားခဲ့သောက်ခဲ့ရလဲ၊ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ခဲ့ရလဲဆိုတာတော့ ပရိသတ်တွေတွေ့ရမယ်” ဟု ယင်းဇာတ်ကားနှင့်ပတ်သက်သည့် အင်တာဗျူးတွင် ဒါရိုက်တာကိုပေါက်က ဖြေကြားထားသည်။

ယင်းမှတ်တမ်းရုပ်ရှင်တွင် တော်လှန်ရေးကာလ၌ ၎င်းကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များ၏ သုံးပုံ တစ်ပုံကို ဖော်ပြထားသည်ဟု ၎င်းကဆိုသည်။

ယင်းဇာတ်ကားကို ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ၌ မြို့သုံးမြို့တွင် ပြသမည်ဖြစ်ပြီး ကနေဒါ၊ အမေရိကန်၊ ဂျမေကာ၊ ဆွီဒင်၊ နယ်သာလန် စသည့် နိုင်ငံများတွင်လည်း ပြသမည်ဟု ကိုပေါက်ကပြောသည်။

ဒါရိုက်တာ ကိုပေါက်၏ မသောက်မိသော မိုးခါးရေ ရုပ်ရှင်သည် နိုင်ငံပေါင်း နှစ်ဆယ်ကျော်ရှိ ရုပ်ရှင်ရုံ ခြောက်ဆယ်ခန့်၌ ပြသခဲ့ပြီး ယင်းရုပ်ရှင်မှ တော်လှန်ရေးအတွက် ငွေကျပ် သိန်းတစ်သောင်းကျော်ရှာပေးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံ ကရင်နီပြည်က​​တော်လှန်​ရေးတပ်ဖွဲ့​တွေရဲ့ ​တောတွင်းလျှိုဝှက်​ဆေးရုံးကိုအခြေခံရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် The Last Hospital: 30 Days in Myanmar နဲ့အတူ Sky News သတင်းဌာနဟာ နိုင်ငံတကာ အမ်မီဆုကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

သတင်း

ဖေဖော်ဝါရီ လအတွင်း၌ ဂျပန်၊ အမေရိကန်၊ နယ်သာလန်၊ ကနေဒါ၊ ဆွီဒင်နှင့် ဂျမေကာ နိုင်ငံတို့၌ ရုံတင်ပြသခဲ့ပြီး ရန်ပုံငွေ သိန်းနှစ်ထောင်ကျော်ရရှိခဲ့ခြင်းဖြစ်သည်။

ဗီဒီယို

"ကမ္ဘာတဝှမ်းက သတင်းခေါင်းကြီးပိုင်းတွေကနေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဇာတ်ကားတစ်ကားပါ" လို့ သူတို့ရုပ်ရှင်အညွှန်းမှာ ဖော်ပြထားပါတယ်။