Connect with us

Hi, what are you looking for?

သတင်း

ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို စစ်ကောင်စီ စစ်ခုံရုံး ထောင် ၁၀ နှစ်ချ

ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃နှစ် ၊ အီလက်ထရောနစ်ဆက်သွယ်ရေး ပုဒ်မ နဲ့ ထောင်ဒဏ် ၇ နှစ်ချလိုက်တာပါ။

ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို စစ်ကောင်စီ စစ်ခုံရုံး ထောင် ၁၀ နှစ်ချ
ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို စစ်ကောင်စီ စစ်ခုံရုံး ထောင် ၁၀ နှစ်ချ

ဆန္ဒပြပွဲမှာ ဖမ်းခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ အသက် ၂၆ နှစ်အရွယ် တိုရုကူဘိုတာကို စစ်ကောင်စီ စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်လို့ ဂျပန်သတင်းဌာနတွေက ဖော်ပြပါတယ်။

ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃နှစ် ၊ အီလက်ထရောနစ်ဆက်သွယ်ရေး ပုဒ်မ နဲ့ ထောင်ဒဏ် ၇ နှစ်ချလိုက်တာပါ။

တိုရုကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တောင်ဒဂုံမြို့နယ်က ဆန္ဒပြပွဲကို မှတ်တမ်းတင်နေချိန် ဖမ်းခံလိုက်ရတာပါ။

သူ့ကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက စစ်ကောင်စီကိုတောင်းဆိုထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကတော့ တိုရုကူဘိုတာဟာ တိုးရစ်ဗီဇာနဲ့ ဝင်လာပြီး ဆန္ဒပြမှုမှာပါဝင်လို့ဖမ်းဆီးတာဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါကြောင့် တိုရုကူဘိုတာကို ဗီဇာစည်းကမ်းချိုးဖောက်မှု လဝက ဥပဒေနဲ့လည်း စစ်ကောင်စီက တရားစွဲထားတာရှိပါသေးတယ်။

တိုရုကူဘိုတာကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရရဲ့တောင်းဆိုမှုအပေါ် အမှုပြီးပြတ်မှ လုပ်ဆောင်သင့်တာ ဆက်လုပ်မယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားတာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွင်းကလည်း ဖမ်းဆီးခဲ့တဲ့ ဂျပန်သတင်းထောက် ခီတာဇုမိ ယူကီ ကို စစ်ကောင်စီဟာ ပြန်လွှတ်ပေးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။