Connect with us

Hi, what are you looking for?

သတင်း

တအာင်းဒေသ ကြားကာလ(ပအဖ)အဖွဲ့ဝင် မန်တုံပြည်သူ့လွှတ်တော်အမတ် ယနေ့ ကွယ်လွန်

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၅ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီးယင်းအနက်အချို့မှာ စစ်ကောင်စီ၏ ဖမ်းဆီးခံရစဉ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

တအာင်းဒေသ ကြားကာလ(ပအဖ)အဖွဲ့ဝင် မန်တုံပြည်သူ့လွှတ်တော်အမတ် ယနေ့ ကွယ်လွန်
တအာင်းဒေသ ကြားကာလ(ပအဖ)အဖွဲ့ဝင် မန်တုံပြည်သူ့လွှတ်တော်အမတ် ယနေ့ ကွယ်လွန်

တအာင်း(ပလောင်)ဒေသကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးဖြစ်သည့် မန်တုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခ ကွယ်လွန်သွားကြောင်း တအာင်းဒေသ ကြားကာလ(ပအဖ)က ထုတ်ပြန်သည်။

ဦးအိုက်ခသည် ၂၀၂၀ ရွေးကောက်ပွဲတွင် တအာင်းအမျိုးသားပါတီကိုယ်စားပြုအဖြစ် မန်တုံမဲဆန္ဒနယ်၌ အနိုင်ရရှိခဲ့သူဖြစ်ပြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီ ပြည်သူ့အာဏာ သိမ်းယူပြီးနောက်ပိုင်း တအာင်းဒေသ ကြားကလ(ပအဖ)တွင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်ဟုဆိုသည်။

တအာင်း(ပလောင်) ဒေသကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဦးအိုက်ခသည် ယနေ့ နံနက် ၁နာရီခွဲခန့်တွင် ၉၆ ပါးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ပါရှိသည်။

ထိုသို့ ကွယ်လွန်သွားသည့်အပေါ် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း၊ တအာင်း ဒေသ ကြားကာပြည်သူ့အုပ်ချုပ်ရေး အဖွဲ့သည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၅ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီးယင်းအနက်အချို့မှာ စစ်ကောင်စီ၏ ဖမ်းဆီးခံရစဉ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် စစ်တပ်က အသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့ ဟန်ပြအစိုးရကို ကြိုဆိုဂုဏ်ပြုကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က သဝဏ်လွှာ ပေးပို့မှု လုပ်ရပ်ဟာ တအာင်းလူမျိုး တစ်ခုလုံးရဲ့ သဘောထားမဟုတ်ကြောင်း တအာင်းအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ မဟာမိတ်အချင်းချင်း ဆွေးနွေးအဖြေရှာဖို့ အထူးဒေသ(၁) ကျန်းမာရေးအင်အားစု၊ CDM ကျန်းမာရေးအင်အားစု (တအာင်းပြည်)၊ ကျန်းမာရေးမိသားစု(မန္တလေး)တို့က မေတ္တာရပ်ခံ ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။