Connect with us

Hi, what are you looking for?

သတင်း

PSLF/TNLAက စစ်တပ်ရဲ့ဟန်ပြအစိုးရဂုဏ်ပြုမှု တအာင်းလူမျိုးတခုလုံးရဲ့ သဘောထားမဟုတ်ဟု တအာင်းအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် စစ်တပ်က အသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့ ဟန်ပြအစိုးရကို ကြိုဆိုဂုဏ်ပြုကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က သဝဏ်လွှာ ပေးပို့မှု လုပ်ရပ်ဟာ တအာင်းလူမျိုး တစ်ခုလုံးရဲ့ သဘောထားမဟုတ်ကြောင်း တအာင်းအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

(တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်း တောအုပ်တစ်တနေရာမှာ စစ်ရေးလေ့ကျင့်နေတာကို ၂၀၂၃ မတ်လ ၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

ဧပြီ-၁၆၊ ၂၀၂၆။ ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် စစ်တပ်က အသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့ ဟန်ပြအစိုးရကို ကြိုဆိုဂုဏ်ပြုကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က သဝဏ်လွှာ ပေးပို့မှု လုပ်ရပ်ဟာ တအာင်းလူမျိုး တစ်ခုလုံးရဲ့ သဘောထားမဟုတ်ကြောင်း တအာင်းအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

မင်းအောင်လှိုင်ရဲ့ ဟန်ပြ အရပ်သားအစိုးရ ကြိုဆိုကြောင်း ဧပြီ ၁၅ရက်မှာ PSLF/TNLAက ထုတ်ပြန်ခဲ့တာဟာ PSLF ရဲ့ စစ်ရေး၊နိုင်ငံရေး အကြပ်အတည်းအပေါ် လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်ဖြစ်နိုင်ကြောင်း လတ်တလောမှာ အမည်မဖော်ပြလိုသေးတဲ့ တအာင်းလူမျိုးစုအသိုင်းအဝိုင်းမှာ အရေးပါတဲ့တအာင်းအဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမဲ့ ဒီလို စစ်အာဏာရှင်တွေထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့တဲ့လုပ်ရပ်ဟာ PSLF/TNLA အတွက် နိုင်ငံရေးအရ ရင်းနှီးမှု များပြားတယ်လို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

” များလွန်းတာမကဘူး။ တော်လှန်ပြည်သူတွေ တောင် ခွင့်လွှတ်နိုင်ပါအုံးမလားတောင် အလွန်စိုးရိမ်နေရပါတယ်။ ဒါက PSLF တဖွဲ့ရဲ့ စာပါပဲ”ဟု တအာင်းအဖွဲ့အစည်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
PSLF ရဲ့ ထုတ်ပြန်စာဟာ တအာင်းလူမျိုးတရပ်လုံးရဲ့ သဘောထား မဟုတ်ဘူးလို့လည်း သူက ထပ်လောင်း ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ရှမ်းမြောက်ဒေသက မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ PSLF/TNLAဟာ ၂၀၂၅ မှာ သိမ်းပိုက်ထိန်းချုပ်နယ်မြေတွေ စစ်ကောင်စီထံ ပြန်ပေးလိုက်ရတာတွေ ကြုံရသလို တရုတ်အစိုးရရဲ့ ဖိအားပေးမှု၊ စစ်ကောင်စီတပ်နဲ့ အပစ်ရပ်စဲခဲ့ရမှု၊ညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA)က ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှု အခြေအနေတွေ ကြုံခဲ့ရပါတယ်။

အခုလို အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဂုဏ်ပြုသဝဏ်လွှာ မပေးပို့မီ တပတ်ခန့်က မဟာမိတ် အာရက္ခတပ်တော်(AA)ထံ ပေးပို့ခဲ့တဲ့ AAတပ်မွေးနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ တော်လှန်တိုက်ပွဲများစွာ အတူဆင်နွှဲခဲ့ကြသလို အနာဂတ်မှာလည်း ညီနောင်မဟာမိတ်ပီပီ ချစ်ကြည်ရင်းနှီးမှုမပျက် အချင်းချင်း ဖေးမပြီး တော်လှန်ရေးမျှော်မှန်းချက်တွေရောက်တဲ့အထိ အတူကြိုးပမ်းသွားမယ်လို့ PSLF/TNLA ရဲ့ သဘောထားကို အသိပေးခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဒီကနေ့ အစိုးရ ဖွဲ့စည်းမှု ၅နှစ်ပြည့် မိန့်ခွန်းမှာ တော်လှန်ရေးအင်အားစုများအကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်ပေမဲ့ အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ “စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး” ပဲ ဖြစ်ကြောင်း ပြောကြားပြီး အတားဆီးတွေရှိပေမယ့် ပ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်ကပဲ ပိုမိုခိုင်မာတဲ့ ညီညွတ်မှုဆီ ခေါ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

(တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်း တောအုပ်တစ်တနေရာမှာ စစ်ရေးလေ့ကျင့်နေတာကို ၂၀၂၃ မတ်လ ၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – AFP)

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook