Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့မှုကို ဖမ်းမိသုံ့ပန်းများဝန်ခံ

စစ်ကောင်စီတပ်သည် ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ထန်တလန်မြို့ကို အကြိမ်ကြိမ်မီးရှို့ခဲ့ရာ ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအပါအဝင် အိမ်ခြေနှင့် အဆောက်အဦး ၁,၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မြင်တွေ့ရသည့် ထန်တလန်မြို့မြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - Salai Tial Hram Ling
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မြင်တွေ့ရသည့် ထန်တလန်မြို့မြင်ကွင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - Salai Tial Hram Ling

ဗိုလ်ကြီးစောရဲမိုးအောင်နှင့် ဗိုလ်ကြီးဟိန်းမြတ်စိုးအဖွဲ့များက မီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ်ရှိပစ္စည်းများခိုးယူကြဟု ထွက်ဆို

ချင်းပြည်နယ် ထန်တလန်မြို့အား စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဇန်နဝါရီလကုန်ပိုင်းတွင် ချင်းတပ်ဖွဲ့များကဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်နှင့် ရဲသုံ့ပန်းများက ပြောသည်။

ထန်တလန်မြို့ CB ဘဏ်အဆောက်အဦး၌ တပ်စွဲနေထိုင်ကြသည့် စစ်ကောင်စီနှင့် ရဲပူးပေါင်း အဖွဲ့တစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်(CDF)ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၃၁ရက် ညပိုင်း(ဖေဖော်ဝါရီ ၁ရက် နံနက်အစောပိုင်း) ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏ အတွေ့အကြုံများကို ထွက်ဆိုရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ၎င်း ထန်တလန်သို့ ရောက်ရှိချိန်၌ မြို့မီးလောင်သွားပြီဖြစ်ပြီး ပြည်သူလူထုများ တစ်ဦးမှမရှိတော့ဟု ပြောသည်။

အခြား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကလည်း “မီးရှို့တာကျတော့ တပ်စခန်းကုန်းမှာရှိတယ်။ သူက အခုတော့ ပြန်သွားပြီ။ အဲဒီ ဗိုလ်ကြီးကနာမည်က ဗိုလ်ကြီးစောရဲမိုးအောင်တဲ့”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဗိုလ်ကြီးစောရဲမိုးအောင်သည် ထန်တလန် တပ်ကုန်း၌ နေထိုင်းပြီး မြို့တွင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း ပြောပြသည်။

“တခါတလေကျ သူတို့ ဆင်းလာတယ်။ ဆင်းလာပြီး သူတို့ဟာ သူတို့မီးရှို့ပြီး ကျနော်တို့လည်း မသိရဘူး။ ကျနော်တို့က မီးခိုးထွက်မှ သိရတယ်။ ထွက်ကြည့်တော့ မီးတွေလောင်နေပြီ”ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ထွက်ဆိုသည်။

အခြားတစ်ဦးကလည်း “သူတို့ တစ်ဖွဲ့တည်းတော့ မဟုတ်ပါဘူး။ ၂၆၉ အဖွဲ့ပါတယ်။ အရာရှိတစ်ယောက်ပေါ့။ ဗိုလ်ကြီးတစ်ယောက်ပါတယ်။ သူကလည်း သူ့အဖွဲ့နဲ့ သူပေါ့။ ကျနော်တို့ ရဲစခန်းမှာနေတဲ့ ဗိုလ်ကြီးဟိန်းမြတ်စိုးသူအပါအဝင်တပ်ဖွဲ့တစ်ဖွဲ့ပေါ့”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့သည့်လုပ်ရပ်ကို မြင်တွေ့ခဲ့ရကြောင်းလည်း ထွက်ဆိုကြသည်။

“မီးရှို့ပြီးရင်လည်း ဒီအတိုင်း အေးအေးဆေးဆေးမနေကြပါဘူး။ သူများအိမ်က ပစ္စည်းတွေ ထုတ် မနိုင်မနင်းတွေသယ်တယ်။ သူတို့ မနိုင်တော့မှ ကျွန်တော်တို့ကို လှမ်းပြီးခေါ်တယ်။ လှမ်းခေါ်ပြီး လာဝိုင်းသယ်ဆိုရင် ကျွန်တော်တို့က ပစ္စည်းတွေသွားဝိုင်းသယ်တယ်”ဟု ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါ ဖမ်းမိစစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနှင့်အတူ လက်နက် (၇)လက်ရရှိခဲ့ကြောင်း၊ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထွက်ပြေးသွားကြောင်း ဖမ်းဆီးမှုတွင် ပါဝင်သည့် CNFတပ်သားက ပြောပြသည်။

စစ်ကောင်စီတပ်သည် ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ထန်တလန်မြို့ကို အကြိမ်ကြိမ်မီးရှို့ခဲ့ရာ ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအပါအဝင် အိမ်ခြေနှင့် အဆောက်အဦး ၁,၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။