Connect with us

Hi, what are you looking for?

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီး နယူးယောက်ရှိမြန်မာမိသားစုများနှင့် တွေ့ဆုံ

ဝန်ကြီးဒေါ်ဇင်မာအောင်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။

NUG နိုင်ငံခြားရေးဝန်ကြီး နယူးယောက်ရှိမြန်မာမိသားစုများနှင့် တွေ့ဆုံ
NUG နိုင်ငံခြားရေးဝန်ကြီး နယူးယောက်ရှိမြန်မာမိသားစုများနှင့် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း နယူးယောက်ရှိ မြန်မာမိသားစုများနှင့် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁ ရက်)က တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့လည်း တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးဒေါ်ဇင်မာအောင်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးသွားမည်ဟု ထုတ်ပြန်ထားသည်။

ဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးအပါအဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့ကာ အထူးဧည့်သည်တော်အဖြစ် လုံခြုံရေးအပြည့်ပေးခဲ့သည်။

Public Service Announcement

Public Service Announcement

မကြာသေးမီကလည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် လန်ဒန်မြို့၌ တရားဝင်တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook