Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မီတာခဆောင်ဖို့ ရက်အနည်းငယ်လွန်တဲ့သူတွေကိုပါ မီတာပုံးဖြုတ်နေ

မန္တလေးခရိုင် ၊ပုသိမ်ကြီးမြို့နယ် ထဲက ကျေးရွာတွေမှာဆို မီတာမဆောင်လို့ဆိုပြီး မီးဖြတ်ထားတာဟာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။

မန္တလေးမှာ မီတာခဆောင်ဖို့ ရက်အနည်းငယ်လွန်တဲ့သူတွေကိုပါ မီတာပုံးဖြုတ်နေ
မန္တလေးမှာ မီတာခဆောင်ဖို့ ရက်အနည်းငယ်လွန်တဲ့သူတွေကိုပါ မီတာပုံးဖြုတ်နေ

မန္တလေးမြို့မှာ လျှပ်စစ်မီတာဆောင်ဖို့ ရက်ပိုင်းလွန်နေသူတွေပါကို မီတာပုံးဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆောင်ဖို့ ၃ရက်လောက်လွန်သွားတာကို မီတာလာဖြုတ်တယ်” လို့ မန္တလေး ချမ်းမြသာစည်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

မီတာကြွေးကျန်ပေးဆောင်ပြီးလိုက် မီတာပုံး ပြန်တပ်ရာလည်း ကျပ်တစ်သောင်းခွဲ ထပ်ပေးရတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

Public Service Announcement
Public Service Announcement

” ပြန်တပ်ခလိုချင်လို့ ဂွင်ဖန်နေတဲ့သဘောပါ ” လို့ ချမ်းမြသာစည်မြို့နယ်နေသူ ကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အရင်က လနဲ့ချီ မဆောင်မှ မီတာပုံးဖြုတ်ပေမယ့် ဒီရက်ပိုင်းတွေမှာတော့ ပေးဆောင်ဖို့ ရက်လွန်တာနဲ့ မီတာဖြုတ်တာမျိုး လုပ်လာတယ်လို့ အမရပူရမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အခွန်မရဖို့အတွက် ပြည်သူတွေဟာ မီတာမဆောင်ဘဲ ဆန့်ကျင်ဆန္ဒပြကြပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီကလည်း မီးဖြတ်တာ ၊ မီတာဖြုတ်တာ ၊ အမှုဖွင့်တာတွေကို လုပ်နေပါတယ်။

မန္တလေးခရိုင် ၊ပုသိမ်ကြီးမြို့နယ် ထဲက ကျေးရွာတွေမှာဆို မီတာမဆောင်လို့ဆိုပြီး မီးဖြတ်ထားတာဟာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။