Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ လျှပ်စစ်မီတာရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

“မြေပြင်သတင်းအရတော့ လူထိခိုက်တယ် မကြားပါဘူး။ အဓိက ကလည်း လူထက်အခြေခံ ယန္တရားကို တိုက်ခိုက်တာပါပဲ။ ပူးပေါင်း စစ်ဆင်ရေးပါ”ဟု YUA က ပြောသည်။

မြောက်ဒဂုံ လျှပ်စစ်မီတာရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
မြောက်ဒဂုံ လျှပ်စစ်မီတာရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ စစ်ကောင်စီ​၏ လျှပ်စစ်မီတာရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association(YUA)က ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၆)နံနက် ၆ နာရီ ၅၈မိနစ်ခန့်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးနှင့် ဗိုလ်မှူးဗထူးလမ်းထောင့်ရှိ မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား YUA အဖွဲ့ Human Right Defenders နှင့် မဟာမိတ်ဖြစ်သည့် သွေးသစ္စာအဖွဲ့တို့ပူးပေါင်းပြီး တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

“မြေပြင်သတင်းအရတော့ လူထိခိုက်တယ် မကြားပါဘူး။ အဓိက ကလည်း လူထက်အခြေခံ ယန္တရားကို တိုက်ခိုက်တာပါပဲ။ ပူးပေါင်း စစ်ဆင်ရေးပါ”ဟု YUA က ပြောသည်။

Public Service Announcement
Public Service Announcement

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘက်မှ လူထိခိုက်မှုမရှိသော်လည်း စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု YUA က ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကို ဦးဆောင်ပြုလုပ်ခဲ့သော YUA အဖွဲ့ဝင် HRDကမူ ၎င်းတို့အနေဖြင့် ပြည်သူအပေါ်အနိုင်ကျင့် ခြိမ်းခြောက်ကာ မီတာဆောင်ခိုင်းခြင်း၊ မီတာခမဆောင်လျှင် မီးဖြတ်ခြင်းများပြုလုပ်နေသည့်အပေါ် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း ပြောသည်။

“အဓိကပြောချင်တာကတော့ စကစ နဲ့ စကစ ဒေါက်တိုင်တွေကိုဖောက်ခွဲတိုက်ခိုက်နေမှာပါပဲ။ ပြည်သူတွေကိုပြောချင်တာက အားတင်းထားကြပါ။ ကျန်တော်တို့လည်း ရရင်ရသလိုလှုပ်ရှားနေပါတယ်။ တက်နိုင်နဲ့ဘက်ကနေပါဝင်ပြီး ခွေးမောင်းပေးကြပါလို့ ပြောချင်ပါတယ်”ဟု HRD မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။