Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမှာ TNLA နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်အထိနာ

ကျောက်မဲမြို့နယ်ဟာ TNLA လှုပ်ရှားရာနယ်မြေဖြစ်ပြီး အဲဒီဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာ လို့တိုက်ပွဲဖြစ်တာလို့ TNLA ဘက်ကဆိုထားပါတယ်။

ကျောက်မဲမှာ TNLA နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်အထိနာ
ကျောက်မဲမှာ TNLA နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်အထိနာ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကျောက်မဲမြို့နယ်ဟာ TNLA လှုပ်ရှားရာနယ်မြေဖြစ်ပြီး အဲဒီဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာ လို့တိုက်ပွဲဖြစ်တာလို့ TNLA ဘက်ကဆိုထားပါတယ်။

ကျောက်မဲမြို့နယ် နန်းခုံ နဲ့ လမ်းဆုံရွာ နားက TNLA တပ်စခန်းကို အင်အား ၆၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက ထိုးစစ်ဆင်လာတာလို့ TNLA က ထုတ်ပြန်ပါတယ်။

ဒါကြောင့် မနက်ပိုင်းမှာ ၂ နာရီနီးပါး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းပါ သုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက လက်နက် ၄ လက် သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးကာ ၅ ဦးဒဏ်ရာရရှိသွားတယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။