Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်မြို့နယ် လေးခုမှ တအာင်းလူထုကို TNLA ခေါင်းဆောင်များ သွားရောက်တွေ့ဆုံ

TNLA တပ်မဟာ (၁)၊ (၃)၊ (၅) စစ်ဒေသတွေဖြစ်တဲ့ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နဲ့ မန်တုံမြို့နယ်က ဒေသခံပြည်သူလူထုများကို ဖေဖော်ဝါရီ ၁၃ရက်ကနေ ၂၀ ရက်အတွင်း တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

TNLA ခေါင်းဆောင်များ ဒေသခံများနှင့်တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - Ta'ang State TV
TNLA ခေါင်းဆောင်များ ဒေသခံများနှင့်တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - Ta'ang State TV

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် လေးခုကို တအာင်းတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျား ဦးဆောင်သည့် ထိပ်ပိုင်း ခေါင်းဆောင်များ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

TNLA တပ်မဟာ (၁)၊ (၃)၊ (၅) စစ်ဒေသတွေဖြစ်တဲ့ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်နဲ့ မန်တုံမြို့နယ်က ဒေသခံပြည်သူလူထုများကို ဖေဖော်ဝါရီ ၁၃ရက်ကနေ ၂၀ ရက်အတွင်း တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

TNLA ခေါင်းဆောင်များ ဒေသခံများနှင့်တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - Ta'ang State TV
TNLA ခေါင်းဆောင်များ ဒေသခံများနှင့်တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – Ta’ang State TV

တွေ့ဆုံဆွေးနွေးပွဲကို နေရာ ၆ခု၌ ပြုလုပ်ခဲ့ပြီး ရွာပေါင်း ၁၈၇ ရွာမှ ဒေသခံ ၃၅၀၀ ကျော်တက်ရောက်ခဲ့ကြောင်း၊ တွေ့ဆုံပွဲ၌ တအာင်း(ပလောင်) သမိုင်းကြောင်း၊ နိုင်ငံရေး၊ တအာင်းပြည်နယ်အတွင်း ပညာရေးကျောင်း ဖွင့်လှစ်နိုင်ရေး၊ မြေယာနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊ လက်ဖတ်လုပ်ငန်းဖွံ့ဖြို့တိုးတတ်ရေး၊ တအာင်းပြည်နယ်ရရှိရေး၊ တအာင်းလူမျိုးအချင်းချင်း အတူတကွလက်တွဲသွားရန်၊ PSLF/TNLA ၏ ရည်ရွယ်ချက် များဒေသခံပြည်သူများ သိရှိနားလည်စေရန် စသည်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

တွေ့ဆုံပွဲသို့ PSLF/TNLA ဒုဥက္ကဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ အထွေထွေးအုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူ;ဇာရ်၊ ခရိုင်မှူး၊ မြို့နယ်မှူး၊ တိုက်နယ်မှူးနှင့် အရာရှိများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

TNLA ခေါင်းဆောင်များ ဒေသခံများနှင့်တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - Ta'ang State TV
TNLA ခေါင်းဆောင်များ ဒေသခံများနှင့်တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – Ta’ang State TV

ထိုဒေသများအတွင်းရှိ ဒေသခံပြည်သူလူထုများနှင့် PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။

TNLA ခေါင်းဆောင်များ ဒေသခံများနှင့်တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - Ta'ang State TV
TNLA ခေါင်းဆောင်များ ဒေသခံများနှင့်တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – Ta’ang State TV

TNLA အနေဖြင့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း ဒီဇင်ဘာလကုန်ပိုင်းက စစ်ကောင်စီတပ်က TNLA တပ်စခန်းများရှိရာသို့ လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်၍ တစ်ပတ် ကြာတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ် နောက်ပိုင်း၌လည်း စစ်ကောင်စီက ထိုးစစ်ဆင်ခြင်းကြောင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။