Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ၎င်းတို့လူကယ်ထုတ်ပြီး PDF များဖမ်းထားသည့် ပြည်သူများအား ကယ်တင်ခဲ့ဟု လိမ်လည်ဝါဒဖြန့်

အဆိုပါတိုက်ပွဲအတွင်း ကဒဲကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရာ ပြစ်ချက် အမျိုးမျိုးဖြင့် ထိန်းသိမ်းထားသော စစ်ကောင်စီထောက်တိုင်များအား စစ်တပ်ကတွေ့ရှိသွားပြီး ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီလိမ်လည် ဝါဒဖြန့်သည့် ရုပ်သံဖိုင်တစ်ခုအား တွေ့ရစဉ်
စစ်ကောင်စီလိမ်လည် ဝါဒဖြန့်သည့် ရုပ်သံဖိုင်တစ်ခုအား တွေ့ရစဉ်

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF များက လမ်းပိုင်းစစ်ဆေးစဥ် ပြစ်ချက်တစ်ခုခုဖြင့် ဖမ်းဆီးထားသော စစ်ကောင်စီထောက်တိုင် ၁၃ဦးမှာ တိုက်ပွဲအတွင်း ပြန်လည်လွတ်မြောက်သွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က People’s Spring သို့ ပြောသည်။

၎င်းအခြေအနေကို စစ်ကောင်စီတပ်က PDF များ မတရားဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူ ၁၃ဦးအား ဖမ်းဆီးချုပ်နှောင်ထားသည့်နေရာမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း လိမ်လည်ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်မှာ ပုလော-မြိတ်လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးတွင် PDF များက နယ်မြေစိုးမိုးရေးအတွက် လမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်စဥ် စစ်ဆေးမှုအား အသာတကြည်လက်မခံသည့် စစ်ကောင်စီလက်အောက်ခံ Non-CDM များ၊ စစ်တပ်သတင်းပေးဒလန်များ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအပါအဝင် ၁၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁)က ရှင်းပြသည်။

ထို့နောက် အဆိုပါ ပြစ်ချက်ရှိသူများအား ထိန်းသိမ်းထားရာ ပုလောမြို့နယ် ကဒဲကျေးရွာသို့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကြောင်းထိုးလာစဥ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က သံဃာနှစ်ပါးအားရိုက်နှက်ဖမ်းဆီးသည့်အပြင် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်(၁၀၀) ဝန်းကျင်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တပ်ရင်း (၁)မှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း ကဒဲကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရာ ပြစ်ချက် အမျိုးမျိုးဖြင့် ထိန်းသိမ်းထားသော စစ်ကောင်စီထောက်တိုင်များအား စစ်တပ်ကတွေ့ရှိသွားပြီး ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့သည်။

“ပြောမယ်ဆိုရင် အဲဒီ ၁၃ဦးက ထွက်မပြေးဘဲ တစ်နေရာမှာ ပုန်းခိုရင်း ကျန်နေတဲ့သူတွေပေါ့။ အမှန်တော့ ၁၃ဦးမကဘူး။ တချို့ ထွက်ပြေးသွားတာ။ အခု ၁၃ဦးဆိုတာက တစ်နေရာမှာပုန်းခိုနေရင်း စစ်တပ်နဲ့တွေ့သွားတာပေါ့”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ စစ်ကောင်စီထောက်တိုင် ၁၃ဦးကို PDF များ မတရားဖမ်းဆီးထားသည့် ပြည်သူများအား ကယ်ထုတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဝါဒဖြန့်သည့် ရုပ်သံဖိုင်တစ်ခုတွင် ၎င်း (၁၃)ဦးအား ပုန်းခိုသည့်နေအိမ်အတွင်းမှ အပြင်သို့ခေါ်ထုတ်စဥ် စစ်ကောင်စီတပ်သားများက သေနတ်များဖြင့်ထိုးချိန်ထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။