Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ၎င်းတို့လူကယ်ထုတ်ပြီး PDF များဖမ်းထားသည့် ပြည်သူများအား ကယ်တင်ခဲ့ဟု လိမ်လည်ဝါဒဖြန့်

အဆိုပါတိုက်ပွဲအတွင်း ကဒဲကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရာ ပြစ်ချက် အမျိုးမျိုးဖြင့် ထိန်းသိမ်းထားသော စစ်ကောင်စီထောက်တိုင်များအား စစ်တပ်ကတွေ့ရှိသွားပြီး ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီလိမ်လည် ဝါဒဖြန့်သည့် ရုပ်သံဖိုင်တစ်ခုအား တွေ့ရစဉ်
စစ်ကောင်စီလိမ်လည် ဝါဒဖြန့်သည့် ရုပ်သံဖိုင်တစ်ခုအား တွေ့ရစဉ်

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF များက လမ်းပိုင်းစစ်ဆေးစဥ် ပြစ်ချက်တစ်ခုခုဖြင့် ဖမ်းဆီးထားသော စစ်ကောင်စီထောက်တိုင် ၁၃ဦးမှာ တိုက်ပွဲအတွင်း ပြန်လည်လွတ်မြောက်သွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က People’s Spring သို့ ပြောသည်။

၎င်းအခြေအနေကို စစ်ကောင်စီတပ်က PDF များ မတရားဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူ ၁၃ဦးအား ဖမ်းဆီးချုပ်နှောင်ထားသည့်နေရာမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း လိမ်လည်ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်မှာ ပုလော-မြိတ်လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးတွင် PDF များက နယ်မြေစိုးမိုးရေးအတွက် လမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်စဥ် စစ်ဆေးမှုအား အသာတကြည်လက်မခံသည့် စစ်ကောင်စီလက်အောက်ခံ Non-CDM များ၊ စစ်တပ်သတင်းပေးဒလန်များ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအပါအဝင် ၁၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁)က ရှင်းပြသည်။

ထို့နောက် အဆိုပါ ပြစ်ချက်ရှိသူများအား ထိန်းသိမ်းထားရာ ပုလောမြို့နယ် ကဒဲကျေးရွာသို့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကြောင်းထိုးလာစဥ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က သံဃာနှစ်ပါးအားရိုက်နှက်ဖမ်းဆီးသည့်အပြင် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်(၁၀၀) ဝန်းကျင်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တပ်ရင်း (၁)မှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း ကဒဲကျေးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရာ ပြစ်ချက် အမျိုးမျိုးဖြင့် ထိန်းသိမ်းထားသော စစ်ကောင်စီထောက်တိုင်များအား စစ်တပ်ကတွေ့ရှိသွားပြီး ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့သည်။

“ပြောမယ်ဆိုရင် အဲဒီ ၁၃ဦးက ထွက်မပြေးဘဲ တစ်နေရာမှာ ပုန်းခိုရင်း ကျန်နေတဲ့သူတွေပေါ့။ အမှန်တော့ ၁၃ဦးမကဘူး။ တချို့ ထွက်ပြေးသွားတာ။ အခု ၁၃ဦးဆိုတာက တစ်နေရာမှာပုန်းခိုနေရင်း စစ်တပ်နဲ့တွေ့သွားတာပေါ့”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ စစ်ကောင်စီထောက်တိုင် ၁၃ဦးကို PDF များ မတရားဖမ်းဆီးထားသည့် ပြည်သူများအား ကယ်ထုတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဝါဒဖြန့်သည့် ရုပ်သံဖိုင်တစ်ခုတွင် ၎င်း (၁၃)ဦးအား ပုန်းခိုသည့်နေအိမ်အတွင်းမှ အပြင်သို့ခေါ်ထုတ်စဥ် စစ်ကောင်စီတပ်သားများက သေနတ်များဖြင့်ထိုးချိန်ထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့