Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ် ကဒဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ဘုန်းကြီးကျောင်းအပါအဝင် ​နေအိမ်များ မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၁၅ ရက် ည ၇နာရီခန့်တွင် ကဒဲကျေးရွာအနီးရောက်ရှိလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း (၁)က ပြောသည်။

(ပုလောမြို့နယ် ကဒဲကျေးရွာမှ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)
(ပုလောမြို့နယ် ကဒဲကျေးရွာမှ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘုန်းကြီး ကျောင်းအပါအဝင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁)က ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက် ည ၇နာရီခန့်တွင် ကဒဲကျေးရွာအနီးရောက်ရှိလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း (၁)က ပြောသည်။

(ပုလောမြို့နယ် ကဒဲကျေးရွာမှ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)
(ပုလောမြို့နယ် ကဒဲကျေးရွာမှ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ – ပေးပို့)

“ထိခိုက်သေဆုံးရှိတယ်ဗျ။ ဒီကောင်တွေ မိုင်းထိထားတယ်။ အနည်းဆုံး ရှစ်ဦးလောက်မှန်းတယ်။ အတည်တော့ မပြုနိုင်သေးဘူး”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၆ရက်တွင် ကဒဲကျေးရွာမှ ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် နေအိမ်အလုံး (၅၀)ခန့်အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံပြည်သူများနှင့် တော် လှန်ရေးရဲဘော်များပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရကြောင်း ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လတ်တလော စစ်ရေးအခြေအနေများအရ စစ်ကောင်စီတပ်နှင့် အချိန်မရွေးတိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် မြိတ်ခရိုင် PDF တပ်ရင်း (၁)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။