Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ် ကဒဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ဘုန်းကြီးကျောင်းအပါအဝင် ​နေအိမ်များ မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၁၅ ရက် ည ၇နာရီခန့်တွင် ကဒဲကျေးရွာအနီးရောက်ရှိလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း (၁)က ပြောသည်။

(ပုလောမြို့နယ် ကဒဲကျေးရွာမှ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)
(ပုလောမြို့နယ် ကဒဲကျေးရွာမှ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဘုန်းကြီး ကျောင်းအပါအဝင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁)က ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက် ည ၇နာရီခန့်တွင် ကဒဲကျေးရွာအနီးရောက်ရှိလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း (၁)က ပြောသည်။

(ပုလောမြို့နယ် ကဒဲကျေးရွာမှ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)
(ပုလောမြို့နယ် ကဒဲကျေးရွာမှ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ – ပေးပို့)

“ထိခိုက်သေဆုံးရှိတယ်ဗျ။ ဒီကောင်တွေ မိုင်းထိထားတယ်။ အနည်းဆုံး ရှစ်ဦးလောက်မှန်းတယ်။ အတည်တော့ မပြုနိုင်သေးဘူး”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၆ရက်တွင် ကဒဲကျေးရွာမှ ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် နေအိမ်အလုံး (၅၀)ခန့်အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံပြည်သူများနှင့် တော် လှန်ရေးရဲဘော်များပူးပေါင်းပြီး မီးငြှိမ်းသတ်ခဲ့ရကြောင်း ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လတ်တလော စစ်ရေးအခြေအနေများအရ စစ်ကောင်စီတပ်နှင့် အချိန်မရွေးတိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် မြိတ်ခရိုင် PDF တပ်ရင်း (၁)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ရွှေမုဋ္ဌောကျေးရွာရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာ တစ်ပါး ပျံလွန်တော်မူကာ နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

အတွေးအမြင်

"ကျွန်​တော်တို့က သူတို့ကိုအားကိုးပါတယ်ဆိုမှ သူတို့ကအချင်းချင်းရန်ဖြစ်​နေကြ​တော့ ဘယ်သူ့အားကိုးရမယ်မသိဘူး "

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။