Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့နယ်ရှိ ပဒတ္ထိုင်းရွာကို စစ်ကောင်စီတပ် မီးရှို့၍ နေအိမ် ၆၅လုံးပြာကျ

စစ်ကောင်စီတပ်သည် ညောင်ပင်ကန်ရွာကိုပါ ဝင်ရောက်စစ်ကြောင်းထိုးကာ တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ညောင်ပင်ကန်ရွာနှင့် ​လှေဦးကန်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့သည်။

မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ - မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး
မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ - မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး

ရဲဘော်တစ်ဦးကျဆုံးပြီး စစ်ကောင်စီ တပ်သားနှစ်ဦးအလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၅လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ရဲဘော်တစ်ဦးကျဆုံးကာ စစ်ကောင်စီတပ်သားနှစ်ဦးအလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက်က အရာတော်တောင်ပိုင်းနယ်၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFအဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်သည် မြင်းမူနယ်ဘက်သို့ပါ ကူးလာခဲ့ရာ ပဒတ္ထိုင်းရွာကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်၆၅လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ - မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး
မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ – မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး

“စပါးကျီတွေ၊ နွားစာတိုက်တွေပါမီးလေါင်ပြီး တိုက်မီးရှပ်တဲ့အိမ်တွေလ​ည်းရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ရဲဘော် နှစ်ဦးဒဏ်ရာရရှိကာ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း နှစ်လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ - မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး
မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ – မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီတပ်သည် ညောင်ပင်ကန်ရွာကိုပါ ဝင်ရောက်စစ်ကြောင်းထိုးကာ တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ညောင်ပင်ကန်ရွာနှင့် ​လှေဦးကန်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့သည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်) နံနက်ပိုင်းတွင်လည်း ညောင်ပင်ကန်ရွာမှ ကန်တော်ကျေးရွာသို့စစ်ကြောင်းထိုးပြီး ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ - မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး
မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ – မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး

အရာတော်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းနှင့် ဒေသတွင်း PDF များ သုံးရက်နီးပါးတိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသတွင်း PDFများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။