Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့နယ် လက္ကပင်ရွာ လက်နက်ကြီးနဲ့ပစ်ခံရလို့ ပြည်သူ ၃ ဦးထိခိုက်

ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူ သုံး ဦးထိခိုက်ခဲ့ပေမယ့်မစိုးရိမ်ရဘူးလို့လည်းသိရပါတယ်။

မြင်းမူမြို့နယ် လက္ကပင်ရွာ လက်နက်ကြီးနဲ့ပစ်ခံရလို့ ပြည်သူ ၃ ဦးထိခိုက်
မြင်းမူမြို့နယ် လက္ကပင်ရွာ လက်နက်ကြီးနဲ့ပစ်ခံရလို့ ပြည်သူ ၃ ဦးထိခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက လက္ကပင်ကျေးရွာ မှာ စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ပြည်သူ သုံး ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

Public Service Announcement
Public Service Announcement

မနေ့က နေ့လယ်ပိုင်း ၁ နာရီမထိုးခင်မှာ စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ ဘက်တံဆိပ်ပါ တပ်တွေဟာ လက္ကပင်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ နှစ် ကြိမ်ပစ်ခတ်ခဲ့တာလို့မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးကအသိပေးပါတယ်။

ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူ သုံး ဦးထိခိုက်ခဲ့ပေမယ့်မစိုးရိမ်ရဘူးလို့လည်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ မြင်းမူမြို့နယ်ထဲက ကျော့မင်း ရွာဘက်ကို လည်း မနေ့က နေ့လယ် ၁၂ နာရီခွဲခန့်မှာ လက်နက်ကြီးနဲ့ သုံးကြိမ် လှမ်းပစ်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဟောင်ဝစ်ဆာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ ဒေသခံ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။