Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် လေးရက်အကြာတွင် သေဆုံး

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ်တွင် သေဆုံးသွားခြင်းဖြစ်သည်။

(ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦးအား တွေ့ရစဥ်)
(ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦးအား တွေ့ရစဥ်)

သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်သည် လေးရက် ကြာဆေးကုသခဲ့သော်လည်း သေဆုံးသွား၍ ၎င်း၏နာရေးကို လုံခြုံရေးဖြင့် ယနေ့ အကျဉ်းချုန်းပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ်တွင် သေဆုံးသွားခြင်းဖြစ်သည်။

“စစ်တပ်က ပုသိမ်စစ်ဆေးရုံကို ခေါ်ကုတာ။ ဘယ်လိုတောင် ကုလိုက်တယ်မသိဘူး။မနေ့က သေသွားပါတယ်”ဟု မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက ပြောသည်။

ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်က မော်လမြိုင်ကျွန်းမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ Happy လက်‌ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် အမျိုးသားနှစ်ဦးကဝင်လာပြီး သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

အပစ်ခံရသည့်နေ့က ဒဏ်ရာရသော်လည်း စိုးရိမ်စရာမရှိကြောင်း လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ကျော်တင့်ဦး၏ တပည့်ဇော်ဝင်းဆိုသူက “အစစအရာရာအခြေအနေကောင်းပေမယ့် ကံကြမ္မာကမျက်နှာသာမပေးခဲ့ဘူးဗျာ။စိတ်မကောင်းဘူးဗျာ”ဟု ဖေဖော်ဝါရီ ၂၇ရက်တွင် ထပ်မံရေးတင်ထားသည်။

ထို့အပြင် ကျော်တင့်ဦး၏ နာရေးပြုလုပ်မည်ကို သူ၏တပည့်များက မော်လမြိုင်ကျွန်းမြို့ပေါ်တွင် အသံချဲ့စက်ဖြင့် ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) လိုက်လံကြေညာရာ”အသက် ၆၁နှစ်ရှိ သာသနာ့ဒါယကာကြီး ဦးကျော်တင့်ဦးသည် ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီ”ဟု အော်သွားသည်ကို တွေ့ရသည်။

ထိုသို့အော်သွားသည့် အသံဖိုင်ကိုဒေသခံများက People’s Spring သို့ပေးပို့ခဲ့ပြီး မော်လမြိုင်ကျွန်းမြို့၏ ဖွတ်တစ်ကောင် ငရဲသို့ရောက်သွားပြီဟု ပြောသည်။

ကျော်တင့်ဦးသည် စစ်ကောင်စီ၏ အကြီးစားထောက်တိုင်ဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင်တာဝန်အပြင် မောင်လမြိုင်ကျွန်းမြို့ မဘသ ဥက္ကဌတာဝန်လည်းယူထားကြောင်း သိရသည်။

၎င်းသည်ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၈ရက်ကလည်း ပထမအကြိမ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသေးသည်။ လက်မောင်းတွင် သေနတ်ဒဏ်ရာရရှ်ိပြီး ဆေးကုသခဲ့ရသည်။ သုံးလအကြာတွင် နောက်တစ်ကြိမ်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။

ကျော်တင့်ဦးကို ပထမအကြိမ်သတိပေးပစ်ခတ်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ မြို့ခံများအား နည်းမျိုးစုံဒုက္ခပေးခြင်း၊ Social Media ပေါ်မှတဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆဲဆိုစိန်ခေါ်ခြင်းတို့ကြောင့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီလင်းပိုင်(မော်ကျွန်း)နှင့် ဘိုကလေးလင်းပိုင် PDF အဖွဲ့ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ စစ်ပွဲအစပြုခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်း အသေအပျောက်ဟာ ၃၉၀၀၀ နီးပါးလောက်ထိ များပြားလာခဲ့ကြောင်း သိရပါတယ်။

သတင်း

ရမခ အခြေစိုက်ရာ လားရှိုးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ ဇူလိုင် ၇ရက်ညပိုင်းက စစ်ကောင်စီ၏ ခမရ(၅၀၇) တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။

သတင်း

အရပ်သားသေဆုံးထိခိုက်မှုမှာ TNLAက ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုများနိုင်သည်ကို ဒေသခံ သတင်းရင်းမြစ်၏ အသိပေးချက်အရ သိရသည်။

သတင်း

စခန်းအများအပြား လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက လေကြောင်းမှ အချိန်မရွေးတိုက်ခိုက်လာနိုင်ကြောင်း ဒေသခံများအား ကာကွယ်ရေးရဲဘော်များက သတိပေးသည်။