Connect with us

Hi, what are you looking for?

သတင်း

ဒိုက်ဦးမြို့ ခမရ(၄၄၀)ဂိတ်နှင့် (၇၂)မိုင်ဂိတ်တို့ကိုပဲခူး(ပကဖ) နှင့် DDFတို့ ပူးပေါင်းတိုက်ခိုက်

ဒိုက်ဦးမြို့အနီး ခမရ (၄၄၀)တပ်ဂိတ်နှင့် ဒိုက်ဦးမှ အမြန်လမ်းမကြီးသို့သွားရာလမ်းတွင်ရှိသည့် (၇၂)မိုင် စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၂၆ ရက် ည ၈နာရီက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ - ရိုက်တာ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ - ရိုက်တာ)

စစ်ကောင်စီတပ် နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရဟုဆို

ပဲခူးခရိုင်၊ ဒိုက်ဦးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၄၄၀) ခြေမြန်တပ်ရင်းဂိတ်နှင့် (၇၂)မိုင်ဂိတ်တို့ကို ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Daik-U Defense (DDF)တို့ ပူးပေါင်းပြီး ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(မတ်လ၁ ရက်) ထုတ်ပြန်သည်။

ဒိုက်ဦးမြို့အနီး ခမရ (၄၄၀)တပ်ဂိတ်နှင့် ဒိုက်ဦးမှ အမြန်လမ်းမကြီးသို့သွားရာလမ်းတွင်ရှိသည့် (၇၂)မိုင် စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၂၆ ရက် ည ၈နာရီက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“ခလရ (၄၄၀)က မြို့နဲ့သိပ်မဝေးဘူး။ ပြီးတော့ (၇၂)မိုင်ဂိတ်ဆိုတာက အမြန်လမ်းဘက်အတက်နားလေးမှာ ရှိတာ။ အဖွဲ့တွေ မိုင်းခွဲခဲ့တယ်ဆိုတာ မှန်ပါတယ်”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သော ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုများတွင် ခမရ(၄၄၀)ဂိတ်မှ စစ်ကောင်စီတပ်သာငါးဦး ဒဏ်ရရှိခဲ့ပြီး တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် (၇၂)မိုင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အား တိုက်ခိုက်စဥ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးသည်။

“ကတေလေးတွေ safe zone ရောက်ပြီး တစ်ဘက်က ထိခိုက်သတင်းစောင့်ပြီးမှ သတင်းထုတ်တာဖြစ်ပါတယ်”ဟု အထက်ပါ တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး သတင်းထုတ်ပြန်မှု နောက်ကျသည့်အပေါ် ပဲခူး(ပကဖ)နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။