Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အသက်၂၀ အရွယ်လူငယ် ဆိုင်ကယ်စီးနေချိန် ပစ်သတ်ခံရ

ပစ်သတ်ခံရသူဟာ ပုသိမ်ကြီးမြို့နယ် ၊အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့အသက် ၂၀ အရွယ် ကိုအောင်မျိုးမြတ်ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

မန္တလေးမှာ အသက်၂၀ အရွယ်လူငယ် ဆိုင်ကယ်စီးနေချိန် ပစ်သတ်ခံရ
မန္တလေးမှာ အသက်၂၀ အရွယ်လူငယ် ဆိုင်ကယ်စီးနေချိန် ပစ်သတ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ထဲ ဒီနေ့ နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ လူငယ်တစ်ဦး ဆိုင်ကယ်မောင်းနေချိန် ပစ်ခတ်ခံရလို့သေဆုံးသွားပါတယ်။

ပစ်သတ်ခံရသူဟာ ပုသိမ်ကြီးမြို့နယ် ၊အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့အသက် ၂၀ အရွယ် ကိုအောင်မျိုးမြတ်ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ကိုအောင်မျိုးမြတ် ဆိုင်ကယ်စီးလာချိန် အနောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက အနီးကပ်ပစ်ခတ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်ခံရတဲ့နေရာဟာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀ လမ်းနဲ့ ၆၂ လမ်းထောင့်မှာဖြစ်တာပါ။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရမှုကြောင့် ညာဘက် နားထင် ထိမှန်ပြီးနေရာမှာတင်သေဆုံးသွားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။