Connect with us

Hi, what are you looking for?

သတင်း

ခရမ်းလွန်ရောင်ခြည်ကိုသတိပြုရန် NUGဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသတိ​ပေး

၂၀၂၃ ခုနှစ်နွေရာသီ၏အပူဒဏ်နှင့်ပတ်သက်၍ပထမဆုံးသတိပေးချက်ကို MHADM -NUG က ယနေ့ (မတ်လ ၂ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

(အပူရှိန်နှင့်ပတ်သပ်၍ ​NUG-MHADM ၏ ​ဆောင်ရန်၊​ရှောင်ရန် အကြံပြုချက်)
(အပူရှိန်နှင့်ပတ်သပ်၍ ​NUG-MHADM ၏ ​ဆောင်ရန်၊​ရှောင်ရန် အကြံပြုချက်)

ရခိုင်ပြည်နယ်အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့၌ အပူချိန်မြင့်တက်နေပြီးခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို ဂရုပြုနေထိုင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MHADM -NUG)က သတိပေးချက်ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်နွေရာသီ၏အပူဒဏ်နှင့်ပတ်သက်၍ပထမဆုံးသတိပေးချက်ကို MHADM -NUG က ယနေ့ (မတ်လ ၂ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ မုံရွာမြို့၊ မန္တလေးတိုင်းဒေသကြီးမှ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ နေပြည်တော်၊ ပျဉ်းမနား၊ ပုဂံနှင့် ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့၊ တောင်ငူမြို့၊ ဖြူးမြို့၊ ပြည်မြို့၊ မကွေးတိုင်းဒေသကြီးမှ မကွေးမြို့၊ ရခိုင်ပြည်နယ်မှ သံတွဲမြို့နှင့် ရန်ကုန်မြို့တို့တွင် မွန်းလွဲ (၁၂)နာရီမှ ညနေ (၄)နာရီအတွင်း ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်း မြင့်တက် လာနိုင်ကြောင်းပညာရှင်များက ခန့်မှန်းချက်များကို ကိုးကား၍MHADM -NUG ကသတိပေးထားသည်။

ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများနှင့်နာတာရှည်ရောဂါသည်များအနေဖြင့် နေ့အပူချိန် မြင့်တက်ချိန်များတွင် ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ထိတွေ့မှုများမှ ရှောင်ရှားနိုင်ရန်အတွက် အရိပ်အာဝါသ ကောင်းမွန် သောနေရာများတွင် နေထိုင်ကြပါရန်နှင့် အပူချိန်မြင့်တက်ခြင်းနှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သတိပြုနိုင်ကြရန် အကြံပြုထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင်မတ်လမှ မေလအထိ အပူချိန်မြင့်တက်လေ့ရှိပြီး ယင်းကာလအတွင်း ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများလည်း မြင့်မားနေလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook