Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက လူသားဒိုင်း၊ လက်ကိုင်တုတ်အဖြစ် အသုံးချနေမှုလက်မခံရန် ပအိုဝ်းပြည်သူများကို PNFC ဥက္ကဋ္ဌ ပန်ကြား

ဖေဖော်ဝါရီအတွင်း ကရင်နီ- ရှမ်းနယ်စပ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသည့် PNO/PNA တပ်ဖွဲ့ဝင်များလည်း သေဆုံးထိခိုက်ရှိခဲ့သည်။

(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်တပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်တပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

▪️ပအိုဝ်းတပ် နှစ်ခုက သထုံ၊ ဖားအံ နှင့် ရှမ်း – ကရင်နီနယ်စပ်များ၌ စစ်နယ်သုံးနယ်ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေဟု အသိပေး

“တန်းတူရည်တူအခွင့်အရေးတွေ ရယူဖို့ဆိုတဲ့နေရာမှာ တန်းတူရည်တူစွန့်လွှတ်မှုတွေ၊ ရင်းနှီးမှုတွေလည်း ကျနော်တို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပအိုဝ်းဒေသ ၌ ပအိုဝ်းပြည်သူများကို လူသားဒိုင်းအနေဖြင့် အသုံးပြုခြင်း၊ လက်ကိုင်တုတ်အနေဖြင့် အသုံးချနေခြင်းများရှိကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားလိုက်သည်။

ယနေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား၌ PNFC ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ပအိုဝ်းပြည်သူ့စစ်ဖြစ် သော PNO/PNAကို အသုံးချပြီး ရှမ်း- ကရင်နီဒေသ စစ်ဆင်ရေးများ ဆောင်ရွက်နေသည်ကို ခွန်မြင့်ထွန်းက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ် သည်။

ဖေဖော်ဝါရီအတွင်း ကရင်နီ- ရှမ်းနယ်စပ် တိုက်ပွဲများ၌ စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသည့် PNO/PNA တပ်ဖွဲ့ဝင်များလည်း သေဆုံးထိခိုက်ရှိခဲ့သည်။

Public Service Announcement
Public Service Announcement

“တနည်းအားဖြင့် ပြောရရင် ပအိုဝ်းတွေအချင်းချင်း ကြားမှာလည်း ပဋိပက္ခတွေကို စစ်ကောင်စီက ဖန်တီးပေးနေတာတွေရှိနေသလို ပအိုဝ်နဲ့ ကရင်နီအပါအဝင် အခြားသော တိုင်းရင်းသားညီနောင်တွေကြားမှာလည်း ကျနော်တို့ကို သွေးခွဲရန်တိုက်မှု လုပ်ထားတာဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ပြည်ထောင်စုအပေါ်မှာထားတဲ့ ကျနော် တို့ စိတ်ကောင်းစေတနာတွေ သစ္စာရှိမှုတွေကို တလွဲအသုံးချနေတာဖြစ်ပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အသုံးချခံမှုမှ လွတ်မြောက်ရန်အတွက် နိုင်ငံရေး ခံယူချက်၊ ယုံကြည်ချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်လိုအပ်သည်ဟု ဆိုသည်။

“ပအိုဝ်းပြည်သူများကို ကျနော်တို့ ပန်ကြားချင်တာကတော့ စစ်အာဏာရှင်တွေဟာ သူတို့ အကျိုးစီးပွားအတွက် ကျနော်တို့ ပအိုဝ်းပြည်သူတွေကို လူသားဒိုင်းတွေ လက်ကိုင်တုတ်တွေအနေနဲ့ အသုံးချတာကနေ ရှောင်ရှားရုန်းထွက်ကြဖို့အတွက်ကိုလည်း ဒီနေရာကနေ ပန်ကြားချင်ပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။

ပအိုဝ်းတိုင်းရင်းသားများ လိုလားသည်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့်အတူ ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းရေးဖြစ်ကြောင်း၊ ယင်းသို့ ပေါ်ထွန်းလာရေး ကြိုးပမ်းရာ၌ နိုင်ငံရေးနည်းလမ်းများဖြင့် ကြိုးပမ်းရမည်ဖြစ်ပြီး ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ ညီနောင်တိုင်းရင်းသားများ၏ ထောက်ခံအားပေးမှုလိုအပ်ကြောင်း၊ ယင်းသည်အနာဂတ်တွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုလောလောဆယ်ဆယ်မှာကျတော့ ကျနော်တို့ တိုင်းပြည်မှာ စနစ်ဆိုးဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို အပြီးတိုင် ဖျက်သိမ်းကြဖို့ လိုပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။

စစ်အာဏာရှင်အပြီးတိုင် ဖျက်သိမ်းရေး ဆောင်ရွက်ရာတွင် PNFCသည် နွေးဦးတော်လှန်ရေး၌ ပါဝင်ဆင်နွှဲနေသည့် ပြည်သူများနှင့်အတူတိုက်ပွဲဝင်လျက်ရှိကြောင်း၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းပြီး သထုံဒေသ၊ ဖားအံဒေသ၊ ရှမ်း-ကရင်နီနယ်စပ်များ၌ တပ်နယ်သုံးနယ်ဖွဲ့စည်းပြီး စစ်ရေးအရ ဆောင်ရွက်နေကြောင်း ခွန်မြင့်ထွန်းက ပြောပြသည်။

အဆိုပါ တပ်ဖွဲ့များသည် PNFC ၏ ဦးဆောင်မှု အပြည့်အ၀ ခံယူပြီး သက်ဆိုင်ရာ ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ စစ်ရေးကွပ်ကဲမှုနှင့် ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း အသိပေးသည်။

“အခွင့်အရေးတွေကို ရယူတယ်ဆိုတဲ့နေရာမှာ တန်းတူသောလူမျိုးအနေနဲ့ ပြဌာန်းပြီးတော့ တန်းတူ ရည်တူအခွင့်အရေးတွေ ရယူဖို့ဆိုတဲ့နေရာမှာ တန်းတူရည်တူစွန့်လွှတ်မှုတွေ၊ ရင်းနှီးမှုတွေလည်း ကျနော်တို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ အပါ၀အင် အစိုးရအဖွဲ့ခေါင်းဆောင်များ ဝန်ကြီးများ ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။