Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ PNOက ပအိုဝ်းဒေသခံများကို စာရင်းပြုစုပြီး ပျူစောထီး သင်တန်းပေးရန် လုပ် ဆောင်နေဟု PNDF အသိပေး

ပအိုဝ်းလူငယ်များအနေဖြင့် ပြည်သူ့ချည်ဖတ်ဖြစ်သော မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်တပ်လက်အောက်ခံ PNOသည် အဖွဲ့၏အကျိုးစီးပွားနှင့် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေပြီး ပအိုဝ်းတစ်မျိုးသားလုံးအား စစ်အာဏာရှင်လက်အောက်သို့ အတင်းသွတ်သွင်းနေကြောင်း PNDFက ရှင်းပြထားသည်။

(ညောင်ရွှေ ထီရိတိုက်ပွဲ၌ စစ်ကောင်စီတပ်သား နှစ်ဦးနှင့် PNO တပ်သားသုံးဦးကို တော်လှန်ရေးပူးပေါင်းတပ်က အရှင်ဖမ်းမိခဲ့စဥ်)

▪️ပြည်သူ့ချဉ်ဖက် မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်ရန် PNDFသို့ ပါဝင်ရန် ဖိတ်ခေါ်

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ပအိုဝ်းပြည်သူလူထုများ နေထိုင်လျှက်ရှိသော ရပ်ရွာဒေသအသီးသီးတွင် နယ်မြေလုံခြုံရေးအကြောင်းပြု၍ လူစာရင်းများကို ကောက်ခံ၍ ပြည်သူ့ စစ်သင်တန်း(ပျူစောထီးသင်တန်း)များပို့ချသွားမည်ကို ကြားသိရကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF)က ပအိုဝ်းပြည်သူလူထုသို့ အသိပေးချက် ထုတ်ပြန်သည်။

PNOသည် ဒေသတွင်းရှိ အသက်(၁၈)နှစ်နှင့် အသက် (၃၅)နှစ်ကြား၊ အသက်(၃၅)နှစ်နှင့် အသက်(၅၀)ကြား လူစာရင်းများကို ကောက်ခံနေခြင်းဖြစ်သည်ဟု ဆို သည်။

Public Service Announcement

PNOလက်အောက်ခံဌာနေပြည်သူ့စစ်(PNA)သည် စစ်တပ်လက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး စစ်အာဏာ ရှင် မင်းအောင်လှိုင်၏ လက်နက်တုတ်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့စစ်သင်တန်းအား တက်ရောက်သင်ကြားကြမည့် ပအိုဝ်းလူငယ်များအနေဖြင့် စစ်တပ်လက်အောက်ခံ စစ်သားများဖြစ်လာပြီး မင်းအောင်လှိုင်၏ အသုံးချခံ စစ်သားများသာဖြစ် လာလိမ့်မည်ဟု သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ပအိုဝ်းလူငယ်များအနေဖြင့် ပြည်သူ့ချည်ဖတ်ဖြစ်သော မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်တပ်လက်အောက်ခံ PNOသည် အဖွဲ့၏အကျိုးစီးပွားနှင့် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေပြီး ပအိုဝ်းတစ်မျိုးသားလုံးအား စစ်အာဏာရှင်လက်အောက်သို့ အတင်းသွတ်သွင်းနေကြောင်း PNDFက ရှင်းပြထားသည်။

ပအိုဝ်းလူထုအနေဖြင့် စစ်တပ်လက်အောက်ခံ အသုံးချခံစစ်သားမဖြစ်လိုလျှင်ဖြစ်စေ၊ တာဝန်မထမ်းဆောင်လိုလျှင်ဖြစ်စေ လွတ်မြောက်ရာနေရာသို့ ရှောင်တိမ်းရန်လိုအပ်ကြောင်း၊ စစ်အာဏာရှင်စနစ်ဆိုးနှင့် ၎င်း၏ထောက်တိုင်ဖြစ်သည့် အဖွဲ့အစည်းများနှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်လိုသည့် ပအိုဝ်းလူငယ်များကို PNDFမှ နွေးထွေးစွာ ကြိုဆိုကြောင်း အသိပေးကာ ပအိုဝ်းလူမျိုးနှင့် အခြားညီနောင်တိုင်းရင်းသား လွတ် မြောက်ရေးအတွက် PNDFထံ ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

Facebook