Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလက်အောက်ခံ PNOက ပအိုဝ်းဒေသခံများကို စာရင်းပြုစုပြီး ပျူစောထီး သင်တန်းပေးရန် လုပ် ဆောင်နေဟု PNDF အသိပေး

ပအိုဝ်းလူငယ်များအနေဖြင့် ပြည်သူ့ချည်ဖတ်ဖြစ်သော မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်တပ်လက်အောက်ခံ PNOသည် အဖွဲ့၏အကျိုးစီးပွားနှင့် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေပြီး ပအိုဝ်းတစ်မျိုးသားလုံးအား စစ်အာဏာရှင်လက်အောက်သို့ အတင်းသွတ်သွင်းနေကြောင်း PNDFက ရှင်းပြထားသည်။

(ညောင်ရွှေ ထီရိတိုက်ပွဲ၌ စစ်ကောင်စီတပ်သား နှစ်ဦးနှင့် PNO တပ်သားသုံးဦးကို တော်လှန်ရေးပူးပေါင်းတပ်က အရှင်ဖမ်းမိခဲ့စဥ်)

▪️ပြည်သူ့ချဉ်ဖက် မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်ရန် PNDFသို့ ပါဝင်ရန် ဖိတ်ခေါ်

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ပအိုဝ်းပြည်သူလူထုများ နေထိုင်လျှက်ရှိသော ရပ်ရွာဒေသအသီးသီးတွင် နယ်မြေလုံခြုံရေးအကြောင်းပြု၍ လူစာရင်းများကို ကောက်ခံ၍ ပြည်သူ့ စစ်သင်တန်း(ပျူစောထီးသင်တန်း)များပို့ချသွားမည်ကို ကြားသိရကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF)က ပအိုဝ်းပြည်သူလူထုသို့ အသိပေးချက် ထုတ်ပြန်သည်။

PNOသည် ဒေသတွင်းရှိ အသက်(၁၈)နှစ်နှင့် အသက် (၃၅)နှစ်ကြား၊ အသက်(၃၅)နှစ်နှင့် အသက်(၅၀)ကြား လူစာရင်းများကို ကောက်ခံနေခြင်းဖြစ်သည်ဟု ဆို သည်။

Public Service Announcement

PNOလက်အောက်ခံဌာနေပြည်သူ့စစ်(PNA)သည် စစ်တပ်လက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး စစ်အာဏာ ရှင် မင်းအောင်လှိုင်၏ လက်နက်တုတ်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့စစ်သင်တန်းအား တက်ရောက်သင်ကြားကြမည့် ပအိုဝ်းလူငယ်များအနေဖြင့် စစ်တပ်လက်အောက်ခံ စစ်သားများဖြစ်လာပြီး မင်းအောင်လှိုင်၏ အသုံးချခံ စစ်သားများသာဖြစ် လာလိမ့်မည်ဟု သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ပအိုဝ်းလူငယ်များအနေဖြင့် ပြည်သူ့ချည်ဖတ်ဖြစ်သော မင်းအောင်လှိုင်နှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်ရန် လိုအပ်ကြောင်း၊ စစ်တပ်လက်အောက်ခံ PNOသည် အဖွဲ့၏အကျိုးစီးပွားနှင့် ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေပြီး ပအိုဝ်းတစ်မျိုးသားလုံးအား စစ်အာဏာရှင်လက်အောက်သို့ အတင်းသွတ်သွင်းနေကြောင်း PNDFက ရှင်းပြထားသည်။

ပအိုဝ်းလူထုအနေဖြင့် စစ်တပ်လက်အောက်ခံ အသုံးချခံစစ်သားမဖြစ်လိုလျှင်ဖြစ်စေ၊ တာဝန်မထမ်းဆောင်လိုလျှင်ဖြစ်စေ လွတ်မြောက်ရာနေရာသို့ ရှောင်တိမ်းရန်လိုအပ်ကြောင်း၊ စစ်အာဏာရှင်စနစ်ဆိုးနှင့် ၎င်း၏ထောက်တိုင်ဖြစ်သည့် အဖွဲ့အစည်းများနှင့် မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ထုတ်လိုသည့် ပအိုဝ်းလူငယ်များကို PNDFမှ နွေးထွေးစွာ ကြိုဆိုကြောင်း အသိပေးကာ ပအိုဝ်းလူမျိုးနှင့် အခြားညီနောင်တိုင်းရင်းသား လွတ် မြောက်ရေးအတွက် PNDFထံ ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။