Connect with us

Hi, what are you looking for?

သတင်း

ဒလန်သတင်း​ပေးမှုဖြင့် ဝိုင်ဒင်းရွာရှိ PDF စခန်းစီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၉ဦးကျဆုံး

ဖေဖော်ဝါရီ ၂၃ရက်နှင့်၂၇ရက်ကလည်း ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

(ကျဆုံးရဲဘော်များ​၏ လက်နက်များဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်များတွင်ဖော်ပြထားသော ဓာတ်ပုံဖြစ်ပါသည်)
(ကျဆုံးရဲဘော်များ​၏ လက်နက်များဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်များတွင်ဖော်ပြထားသော ဓာတ်ပုံဖြစ်ပါသည်)

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းကို ဒလန်သတင်းပေးမှုဖြင့် စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော် ၉ဦးကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ ရဲဘော်တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော် ၉ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှသေဆုံးမှုကို စိစစ်ဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁)တပ်ရင်းကလည်း ထုတ်ပြန် သည်။

ဝိုင်ဒင်းကျေးရွာအနီး တောတွင်းတစ်နေရာ၌ ခေတ္တအခြေပြုနေသည့် တပ်ရင်း(၁)ပုလဲစစ်‌ကြောင်းမှူးနှင့် အဖွဲ့အားယမန်နေ့ (မတ်လ ၄ ရက်)နံနက် ၅နာရီ၄၅မိနစ်ခန့်တွင် စစ်ကောင်စီက အဖွဲ့ သုံးဖွဲ့ခွဲ၍ လာရောက်တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားစဉ် ကျန်ပူးပေါင်းအဖွဲ့များက စစ်ကူလာရောက်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းအဖွဲ့မှ ရဲဘော် ၉ဦး နိုင်ငံတော်အတွက် အသက်ကို ပေးလှူသွားခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိပ်တိုက်တိုက်ပွဲ ပြင်းထန်လွန်း၍ အင်အားမမျှလွန်းသဖြင့် ကျဆုံးရဲဘော် ၉ဦး၏ ကိုယ်ခန္ဓာများအား ပြန်ယူဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ဝိုင်ဒင်းကျေးရွာသည် ကော့သောင်းခရိုင်တပ်ရင်း (၁)မှ ပုလဲစစ်ကြောင်း၊ KNLA တပ်ရင်း (၂၀၃) နှင့် KTLA ပူးပေါင်းအဖွဲ့တို့ စစ်ရေးလှုပ်ရှားသည့် ဒေသဖြစ်ကြောင်းသိရသည်။ လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီစစ်ကြောင်းတွင် သတင်းပေးဒလန်များ ပါဝင်သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“အသေးစိတ်တော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ဒလန်သတင်းပေးကြောင့် အခုလို ဖြစ်တာပါ”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်က ပြောသည်။

တိုက်ပွဲအတွင်း ကျဆုံးရဲဘော် ၉ဦး၏ အမည်နှင့်၊တပ်ဖွဲ့အား ‌‌မြေပြင်ရှိ အခက်အခဲများ‌အရ ဆက်သွယ်စိစစ်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ဒဏ်ရာရ၊ သေဆုံးသူများကို စိစစ်ဆဲဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။ ထို့အပြင် အသေးစိတ်အား ထပ်မံထုတ်ပြန်မည်ဟုဖော်ပြထားသည်။

ဝိုင်ဒင်းကျေးရွာသည် ထိုင်း – မြန်မာနယ်စပ်အနီးတွင်တည်ရှိသည့်ကျေးရွာဖြစ်သည်။

ဖေဖော်ဝါရီ ၂၃ရက်နှင့်၂၇ရက်ကလည်း ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့