Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒလန်သတင်း​ပေးမှုဖြင့် ဝိုင်ဒင်းရွာရှိ PDF စခန်းစီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၉ဦးကျဆုံး

ဖေဖော်ဝါရီ ၂၃ရက်နှင့်၂၇ရက်ကလည်း ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

(ကျဆုံးရဲဘော်များ​၏ လက်နက်များဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်များတွင်ဖော်ပြထားသော ဓာတ်ပုံဖြစ်ပါသည်)
(ကျဆုံးရဲဘော်များ​၏ လက်နက်များဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်များတွင်ဖော်ပြထားသော ဓာတ်ပုံဖြစ်ပါသည်)

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းကို ဒလန်သတင်းပေးမှုဖြင့် စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော် ၉ဦးကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ ရဲဘော်တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော် ၉ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှသေဆုံးမှုကို စိစစ်ဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁)တပ်ရင်းကလည်း ထုတ်ပြန် သည်။

ဝိုင်ဒင်းကျေးရွာအနီး တောတွင်းတစ်နေရာ၌ ခေတ္တအခြေပြုနေသည့် တပ်ရင်း(၁)ပုလဲစစ်‌ကြောင်းမှူးနှင့် အဖွဲ့အားယမန်နေ့ (မတ်လ ၄ ရက်)နံနက် ၅နာရီ၄၅မိနစ်ခန့်တွင် စစ်ကောင်စီက အဖွဲ့ သုံးဖွဲ့ခွဲ၍ လာရောက်တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားစဉ် ကျန်ပူးပေါင်းအဖွဲ့များက စစ်ကူလာရောက်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းအဖွဲ့မှ ရဲဘော် ၉ဦး နိုင်ငံတော်အတွက် အသက်ကို ပေးလှူသွားခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိပ်တိုက်တိုက်ပွဲ ပြင်းထန်လွန်း၍ အင်အားမမျှလွန်းသဖြင့် ကျဆုံးရဲဘော် ၉ဦး၏ ကိုယ်ခန္ဓာများအား ပြန်ယူဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ဝိုင်ဒင်းကျေးရွာသည် ကော့သောင်းခရိုင်တပ်ရင်း (၁)မှ ပုလဲစစ်ကြောင်း၊ KNLA တပ်ရင်း (၂၀၃) နှင့် KTLA ပူးပေါင်းအဖွဲ့တို့ စစ်ရေးလှုပ်ရှားသည့် ဒေသဖြစ်ကြောင်းသိရသည်။ လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီစစ်ကြောင်းတွင် သတင်းပေးဒလန်များ ပါဝင်သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“အသေးစိတ်တော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ဒလန်သတင်းပေးကြောင့် အခုလို ဖြစ်တာပါ”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲ‌ဘော်က ပြောသည်။

တိုက်ပွဲအတွင်း ကျဆုံးရဲဘော် ၉ဦး၏ အမည်နှင့်၊တပ်ဖွဲ့အား ‌‌မြေပြင်ရှိ အခက်အခဲများ‌အရ ဆက်သွယ်စိစစ်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ဒဏ်ရာရ၊ သေဆုံးသူများကို စိစစ်ဆဲဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။ ထို့အပြင် အသေးစိတ်အား ထပ်မံထုတ်ပြန်မည်ဟုဖော်ပြထားသည်။

ဝိုင်ဒင်းကျေးရွာသည် ထိုင်း – မြန်မာနယ်စပ်အနီးတွင်တည်ရှိသည့်ကျေးရွာဖြစ်သည်။

ဖေဖော်ဝါရီ ၂၃ရက်နှင့်၂၇ရက်ကလည်း ဝိုင်ဒင်းကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ဦးသေဆုံးကာအများအပြားဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။