Connect with us

Hi, what are you looking for?

သတင်း

ကော့​သောင်းမြို့နယ်တွင်စစ်​ကောင်စီတပ်စခန်းတစ်ခုကိုပူး​ပေါင်းတပ်တိုက်ခိုက်

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊​ကော့​သောင်ခရိုင်အမှတ် (၁)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-KTR)
(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၊​ကော့​သောင်ခရိုင်အမှတ် (၁)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PDF-KTR)

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်း​ကျေးရွာအနီးစစ်ကောင်စီတပ်စွဲထား​သောစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦးထက်မနည်းသေဆုံးကြောင်းတာဝန်ရှိသူတစ်ဦးက​ပြောသည်။

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲကနှစ်နာရီလောက်ကြာတယ်။ကော့သောင်းခရိုင်တပ်ရင်း (၁)က ရဲဘော်တစ်ဦး ဝမ်းဗိုက်ကျည်ရှပ်ထိမှန်ဒဏ်ရာရတယ်။စစ်တပ်ဘက်ကလေးဦးသေဆုံးသွားပါတယ်” ဟု တနင်္သာရီစစ်ဒေသခွဲတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့အပြင်ဖေဖော်ဝါရီလ ၂၆ရက်ကလည်းမြိတ်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိမ်ကုန်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းဂိတ်ကို သွားရောက်တိုက်ခတ်ခဲ့သည်ဟု People’s Defence Force – Federal Column က သတင်းထုတ်ပြန်ထားသည်။အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီနှင့်ပျူသုံးဦးသေဆုံးခဲ့ကြောင်းPeople’s Defence Force -Federal Columnက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကော့သောင်းမြို့နယ်တွင် စစ်​ကောင်စီတပ်က စစ်​ကြောင်းထိုးလာသဖြင့် ဖေ​ဖော်ဝါရီ တတိယပါတ်မှစ၍ တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။တိုက်ပွဲများဖြစ်ပွား​နေ၍ ​ဒေသခံအချို့ သည်ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေကြရ​ကြောင်း​​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ဖေဖော်ဝါရီလ ၂၁ ရက်တွင်ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာသို့စစ်တပ်မှ လက်နက်ကြီး နှစ်ချက်ထု၍ အင်အား (၁၇၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာရာပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁)တပ်ရင်းနှင့် ကော်သူလေး Army ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး (၅၀)ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး ကော့သောင်းခရိုင်အမှတ် (၁)တပ်ရင်းနှင့်KTLAမှ ရဲဘော် တစ်ဦးစီလက်နက်ကြီးစထိမှန်ကာမစိုးရိမ်ရ ဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်ထားသည်။

ထိုအပြင်ဖေ​ဖော်ဝါရီ ၂၃ ရက်တွင်လည်းကော့သောင်းမြို့နယ် နှင့် ခမောက် ကြီးမြို့နယ်ခွဲအကြား မလိဝမ်းရေတံခွန်အနီး ပြည်ထောင်စုကားလမ်းမကြီးဘေးတွင်စစ်သားသုံးဦးကကင်းပုန်းဝပ်နေသည်ကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာစစ်သားနှစ် ဦးဒဏ်ရာရသွားကြောင်းကော့သောင်းမြို့ နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုကိုကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ မှလုပ်ခဲ့ခြင်းသာဖြစ်ပြီး​ဒေသခံပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ ဆက်လက်၍စစ်ရေးအရှိန်မြှင့်သွားမည်ဟုလည်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။