Connect with us

Hi, what are you looking for?

သတင်း

အတုအယောင်ရွေးကောက်ပွဲသည်ပိုဆိုးသည့်ပဋိပက္ခဦးတည်နေ၍ အာဆီယံပါလီမန်အမတ်များအဖွဲ့-APHR ဆန့်ကျင်ကန့်ကွက်မည်

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ မတ်လ ၃ရက်မှ ၅ရက်အထိ ကျင်းပခဲ့သည့် APHR၏ နှစ်ပတ်လည်ဖိုရန်သို့ APHR ဥက္ကဋ္ဌ နှင့် ပူးတွဲဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ ဘေးစီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့သည်။

(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)
(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)

▪️အင်ဒိုနီးရှား၌ ကျင်းပသည့် APHR နှစ်ပတ်လည် ဖိုရမ်သို့ CRPH ကိုယ်စားလှယ်နှင့်ဘေးစီမံဝန်ကြီးတက်ရောက်

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် ပိုမိုဆိုးဝါးသည့် ပဋိပက္ခများကို ဦးတည်နေသည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) အဖွဲ့ဝင်များ အနေဖြင့် လုံးဝဆန့်ကျင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု ARPH၏ နှစ်ပတ်လည် ဖိုရမ်သို့ တက်ရောက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ မတ်လ ၃ရက်မှ ၅ရက်အထိ ကျင်းပခဲ့သည့် APHR၏ နှစ်ပတ်လည်ဖိုရန်သို့ APHR ဥက္ကဋ္ဌ နှင့် ပူးတွဲဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ ဘေးစီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့သည်။

(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)
(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ – CRPH)

အင်ဒိုနီးရှားအောက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ ပထမနေ့၌ မြန်မာ့ပဋိပက္ခ၊ အာဆီယံအရေးများ၊ အင်ဒိုနီးရှားနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍအား ဆွေးနွေးခြင်း အစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက CRPH၊ NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့၏ အခန်းကဏ္ဍနှင့် လက်တွဲလုပ်ဆောင်နေမှုများ၊ CRPH၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း CRPHက ထုတ်ပြန်သည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးတို့အတွက် CRPH၏ တောင်းဆိုချက်များ ခေါင်းစဉ်ဖြင့် တရားမဝင် အာဏာသိမ်းစစ်တပ်၏ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းချက်များနှင့် နိုင်ငံတကာအသိုက်အဝန်းက ပံ့ပိုးကူညီပေးရန် တောင်းဆိုချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)
(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ – CRPH)

ယင်းခရီးစဉ်နှင့်ပတ်သက်၍ ဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ရာ လတ်တလော စစ်ကိုင်းတိုင်း တာတိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်စွာ မုဒိန်းကျင့် သတ်ဖြတ်မှုများကို ရှုတ်ချကြပြီး မြေပြင်တွင် ဒုက္ခရောက်နေကြသော ပြည်များကို လက်တွေ့ကယ်တင်နိုင်ရေး တိုက်တွန်းကြိုးပမ်းဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများကိုအမှန်တကယ်လိုအပ်သော နေရာများသို့ ထိထိရောက်ရောက် ရရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)
(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ – CRPH)

CRPH ကိုယ်စားလှယ်ဦးနေမျိုးထက်ကလည်း ရွေးကောက်ခံမြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ရာ အကြမ်းဖက်စစ်တပ်က ရွေးကောက်ခံလွှတ်တော် ကိုယ်စား လှယ်များအပေါ် ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်ခဲ့မှုအခြေအနေများကို မျှဝေဆွေးနွေးခဲ့သည်ဟု CRPHက ထုတ်ပြန်သည်။

အကြမ်းဖက်ခံရမှုများကြားမှ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်သွားနိုင်ရေး ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းမှုများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း ဖော်ပြသည်။

ယခုကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် အချိန်ကာလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးကူညီပေးသည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နှင့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ပံ့ပိုးခဲ့သည့် အဖွဲ့များကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...