Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်မြို့နယ်တွင် ရွေးကောက်ပွဲမဲစာရင်း ဦးဆောင် ကောက်ခံသူတစ်ဦး ပစ်သတ်ခံရ

“ ဦးလူအေးက တိုက်ခန်းက ဆင်းလာတုန်း အနီးကပ်ပစ်ခံလိုက်ရတာပါ။ ခေါင်းကိုပဲတည်ပစ်သွားတာပါ။ နေရာမှာတင် ပွဲချင်းပြီးသေသွားပါတယ် “ ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်
ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းများ ဦးဆောင်၍ လိုက်လံကောက်ခံသူ သတင်းပေး ဦးလူအေး ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) ည​နေ ၃နာရီကျော် က လှိုင်မြို့နယ် (၁)ရပ်ကွက် ဇေယျမင်္ဂလာ (၂) လမ်းတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေး ဦးလူအေးသည် နေအိမ် တိုက်ခန်းမှ ဆင်းလာစဥ် အမည်မသိ လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် နေရာမှာပင် သေဆုံးခဲ့ကြောင်း လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“ ဦးလူအေးက တိုက်ခန်းက ဆင်းလာတုန်း အနီးကပ်ပစ်ခံလိုက်ရတာပါ။ ခေါင်းကိုပဲတည်ပစ်သွားတာပါ။ နေရာမှာတင် ပွဲချင်းပြီးသေသွားပါတယ် “ ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

ဦးလူအေးသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး စစ်ကောင်စီ၏ အဓမ္မကြိုးပေးသတ်ခံရသည့် ကိုဖြိုးဇေယျာသော်၏ အိမ်ရှေ့တွင် အော်ဟစ်ဆဲဆို ခဲဖြင့်ပေါက်ရာတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ ဦးလူအေးက အရင်ထဲက ရပ်ကွက်ထဲမှာ လူကြီးလုပ်တယ်။ စစ်ကောင်စီ တက်လာတော့လည်း ပျူအဖွဲဲ့ထဲမှာ ပါတယ်။ မဲစာရင်းကောက်ပေးတယ်။ ကိုဇေယျာသော်ရဲ့အိမ်ရှေ့မှာ အော်ဟစ်ဆဲဆို ခဲနဲ့ပေါက်ခဲ့တဲ့ ဒလန်ထဲမှာလဲပါတယ်လို့ သိရပါတယ်။ သူသေသွားတာပဲ ကောင်းပါတယ် “ ဟု လှိုင်မြို့နယ်ခံ ပြည်သူတစ်ဦးက ဆိုသည်။

ယင်းပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

You May Also Like

သတင်း

အိပ်ဆောင်လှေကား သစ်သားလက်ရန်းတန်းတွေကို ချိုးပြီး အကျဉ်းထောင်ဝန်ထမ်း ၂ ဦးကို ရိုက်နှက်ကာ ထွက်ပြေးဖို့လုပ်တာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

သတင်း

မတ်လ ၁၀ရက် ညက ဖားကန့်မြို့၊မော်မောင်းလျှံမှော်အနီးတွင် ဆိုင်ကယ်စီးလာ​သော လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားနှင့်ရဲ ပူး​ပေါင်းအဖွဲ့က ​သေနတ်ဖြင့် ပစ်သတ်ခဲ့​​​ခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ မတ်လ ၃ရက်မှ ၅ရက်အထိ ကျင်းပခဲ့သည့် APHR၏ နှစ်ပတ်လည်ဖိုရန်သို့ APHR ဥက္ကဋ္ဌ နှင့် ပူးတွဲဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ ဘေးစီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့သည်။