Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ်တွင် ရွေးကောက်ပွဲမဲစာရင်း ဦးဆောင် ကောက်ခံသူတစ်ဦး ပစ်သတ်ခံရ

“ဦးလူအေးက တိုက်ခန်းက ဆင်းလာတုန်း အနီးကပ်ပစ်ခံလိုက်ရတာပါ။ ခေါင်းကိုပဲတည်ပစ်သွားတာပါ။ နေရာမှာတင် ပွဲချင်းပြီးသေသွားပါတယ် “ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်
ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းများ ဦးဆောင်၍ လိုက်လံကောက်ခံသူ သတင်းပေး ဦးလူအေး ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်) ည​နေ ၃နာရီကျော် က လှိုင်မြို့နယ် (၁)ရပ်ကွက် ဇေယျမင်္ဂလာ (၂) လမ်းတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေး ဦးလူအေးသည် နေအိမ် တိုက်ခန်းမှ ဆင်းလာစဥ် အမည်မသိ လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် နေရာမှာပင် သေဆုံးခဲ့ကြောင်း လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“ဦးလူအေးက တိုက်ခန်းက ဆင်းလာတုန်း အနီးကပ်ပစ်ခံလိုက်ရတာပါ။ ခေါင်းကိုပဲတည်ပစ်သွားတာပါ။ နေရာမှာတင် ပွဲချင်းပြီးသေသွားပါတယ် “ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

ဦးလူအေးသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး စစ်ကောင်စီ၏ အဓမ္မကြိုးပေးသတ်ခံရသည့် ကိုဖြိုးဇေယျာသော်၏ အိမ်ရှေ့တွင် အော်ဟစ်ဆဲဆို ခဲဖြင့်ပေါက်ရာတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဦးလူအေးက အရင်ထဲက ရပ်ကွက်ထဲမှာ လူကြီးလုပ်တယ်။ စစ်ကောင်စီ တက်လာတော့လည်း ပျူအဖွဲဲ့ထဲမှာ ပါတယ်။ မဲစာရင်းကောက်ပေးတယ်။ ကိုဇေယျာသော်ရဲ့အိမ်ရှေ့မှာ အော်ဟစ်ဆဲဆို ခဲနဲ့ပေါက်ခဲ့တဲ့ ဒလန်ထဲမှာလဲပါတယ်လို့ သိရပါတယ်။ သူသေသွားတာပဲ ကောင်းပါတယ် “ဟု လှိုင်မြို့နယ်ခံ ပြည်သူတစ်ဦးက ဆိုသည်။

ယင်းပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။