Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံရှိ ခမရ(၁၅)တပ်ပင်မဂိတ်အား RPGဖြင့် ပစ်ခတ်တိုက်ခိုက်

မတ်လ ၆ရက် ညနေ ၅နာရီခန့်က မြင်းခြံမြို့အဝင်ရှိ ခမရ(၁၅)တပ်အား RPGဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ကြောင်း MG6 ပြောက်ကျားတပ်(မြင်းခြံ)က ထုတ်ပြန်သည်။

(MG6 ပြောက်ကျားတပ်(မြင်းခြံ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MG6 ပြောက်ကျားတပ်)
(MG6 ပြောက်ကျားတပ်(မြင်းခြံ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MG6 ပြောက်ကျားတပ်)

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ခမရ(၁၅) တပ်ပင်မဂိတ်အား RPGဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း – ၅တပ်ရင်းမှူး MG6 ပြောက်ကျားတပ်(မြင်းခြံ)ခေါင်းဆောင် ကိုကျော်လင်းထွန်းက ပြောသည်။

မတ်လ ၆ရက် ညနေ ၅နာရီခန့်က မြင်းခြံမြို့အဝင်ရှိ ခမရ(၁၅)တပ်အား RPGဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ကြောင်း MG6 ပြောက်ကျားတပ်(မြင်းခြံ)က ထုတ်ပြန်သည်။

“RPGနဲ့တစ်လုံး ပစ်ခဲ့တာ။ အဝင်ဂိတ်ကိုပိတ်မှန်တာ။ ထုတာလည်း အဝင်ဂိတ်ကို မျက်နှာချင်းဆိုင်ထုတာဆိုတော့”ဟု MG6 ပြောက်ကျားတပ်(မြင်းခြံ)ခေါင်းဆောင် ကိုကျော်လင်းထွန်းက ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်တိုက်ခိုက်ချိန်တွင် အဆိုပါတပ်ထဲအတွင်းမှ မြောင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးနေချိန် အင်အားနည်းနေချိန်ဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် မြောင်မြို့ဘက်က စစ်ကြောင်းမှာ တပ်အတွင်းသို့ ပြန်ဆုတ်သွားကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဂိတ်တိုက်ခိုက်ခံရပြီးနောက် လမ်းပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ယခုအခါမြင်းခြံမြို့တွင်း ဆိုင်ကယ်နှစ်ယောက်စီးနင်းခြင်းမပြုရန် ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာနေရာများအား ရှောင်ရှားပေးကြရန် MG6 ပြောက်ကျားတပ်(မြင်းခြံ)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။