Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံရှိ ခမရ(၁၅)တပ်ပင်မဂိတ်အား RPGဖြင့် ပစ်ခတ်တိုက်ခိုက်

မတ်လ ၆ရက် ညနေ ၅နာရီခန့်က မြင်းခြံမြို့အဝင်ရှိ ခမရ(၁၅)တပ်အား RPGဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ကြောင်း MG6 ပြောက်ကျားတပ်(မြင်းခြံ)က ထုတ်ပြန်သည်။

(MG6 ပြောက်ကျားတပ်(မြင်းခြံ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MG6 ပြောက်ကျားတပ်)
(MG6 ပြောက်ကျားတပ်(မြင်းခြံ)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MG6 ပြောက်ကျားတပ်)

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ ခမရ(၁၅) တပ်ပင်မဂိတ်အား RPGဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း – ၅တပ်ရင်းမှူး MG6 ပြောက်ကျားတပ်(မြင်းခြံ)ခေါင်းဆောင် ကိုကျော်လင်းထွန်းက ပြောသည်။

မတ်လ ၆ရက် ညနေ ၅နာရီခန့်က မြင်းခြံမြို့အဝင်ရှိ ခမရ(၁၅)တပ်အား RPGဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ကြောင်း MG6 ပြောက်ကျားတပ်(မြင်းခြံ)က ထုတ်ပြန်သည်။

“RPGနဲ့တစ်လုံး ပစ်ခဲ့တာ။ အဝင်ဂိတ်ကိုပိတ်မှန်တာ။ ထုတာလည်း အဝင်ဂိတ်ကို မျက်နှာချင်းဆိုင်ထုတာဆိုတော့”ဟု MG6 ပြောက်ကျားတပ်(မြင်းခြံ)ခေါင်းဆောင် ကိုကျော်လင်းထွန်းက ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်တိုက်ခိုက်ချိန်တွင် အဆိုပါတပ်ထဲအတွင်းမှ မြောင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးနေချိန် အင်အားနည်းနေချိန်ဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် မြောင်မြို့ဘက်က စစ်ကြောင်းမှာ တပ်အတွင်းသို့ ပြန်ဆုတ်သွားကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဂိတ်တိုက်ခိုက်ခံရပြီးနောက် လမ်းပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ယခုအခါမြင်းခြံမြို့တွင်း ဆိုင်ကယ်နှစ်ယောက်စီးနင်းခြင်းမပြုရန် ကန့်သတ်ထားကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာနေရာများအား ရှောင်ရှားပေးကြရန် MG6 ပြောက်ကျားတပ်(မြင်းခြံ)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။