Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်တွင် စစ်အုပ်စုကို ထပ်မံမိုင်းဆွဲတိုက်ခိုက်

အသေအပျောက်အခြေအနေကို စုံစမ်းနေပြီး ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ဇန်နဝါရီ၂၆ ရက်က မိုင်းဆွဲတိုက်ခိုက်ရာတွင်အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-ရွှေခြံသားပြောက်ကျားတပ်ဖွဲ့
ဇန်နဝါရီ၂၆ ရက်က မိုင်းဆွဲတိုက်ခိုက်ရာတွင်အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-ရွှေခြံသားပြောက်ကျားတပ်ဖွဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးရွာအိုင်မှထွက်လာသော စစ်ကောင်စီတ​ပ်ဖွဲ့ဝင်များအား လေးရက်အတွင်း ဒုတိယကြိမ်မြောက်ထပ်မံတိုက်ခိုက် ခဲ့ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၂၉ ရက်) မွန်းလွဲ ၂နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ထွက်ခွာလာသော ပါကျဲရိုးယာဉ်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်လာသည်ဟု သတင်းရ၍ နဘူးအိုင်-မြင်းခြံလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်ပါ စစ်ကောင်စီအုပ်စုများ ထိခိုက်မှုများရှိနိုင်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အသေအပျောက်အခြေအနေကို စုံစမ်းနေပြီး ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုမသိရသေးကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုသည်။

ဇန်နဝါရီလ၂၆ ရက် ညနေပိုင်းကလည်း နဘူးအိုင်ရွာမှ ဆိုင်ကယ် ၇စီး၊ ယာဥ်ငယ်နှစ်စီးဖြင့် ရွေးကောက်ပွဲအတွက်စာရင်းကောက်ရန်ထွက်လာသော စစ်အုပ်စုကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ကပင် ဖက်ရင်းကျေးရွာနှင့်လေးတန်းကျေးရွာကြား၌ ပဒေသာမိုင်းများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။