Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ရေမဆေးသမားလူငယ်နှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းစွန့်ပစ်

မတ်လ ၁၀ရက် ညက ဖားကန့်မြို့၊မော်မောင်းလျှံမှော်အနီးတွင် ဆိုင်ကယ်စီးလာ​သော လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားနှင့်ရဲ ပူး​ပေါင်းအဖွဲ့က ​သေနတ်ဖြင့် ပစ်သတ်ခဲ့​​​ခြင်းဟု ဒေသခံများက ပြောသည်။

(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)
(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ရေမဆေးကျောက်ရှာဖွေသူ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းစွန့်ပစ်သွားကြောင်း ဒေသခံများက People’s Spring သို့ ပြောသည်။

မတ်လ ၁၀ရက် ညက ဖားကန့်မြို့၊မော်မောင်းလျှံမှော်အနီးတွင် ဆိုင်ကယ်စီးလာ​သော လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားနှင့်ရဲ ပူး​ပေါင်းအဖွဲ့က ​သေနတ်ဖြင့် ပစ်သတ်ခဲ့​​​ခြင်းဟု ဒေသခံများက ပြောသည်။

“မော်မောင်းလျှံနဲ့ အေးမြသာယာကြားမှာ ပစ်သတ်သွားတာ။ ဘယ်က ကလေးတွေမှန်းမသိရသေးဘူးဗျာ”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ရက်ကလည်း ရေမဆေးကျောက်ရှာဖွေသူ လူငယ်နှစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

​စစ်ကောင်စီတပ်သည် ဖားကန့်တွင် ယခက်ကထက် ပိုမိုအကြမ်းဖက်နေပြီး အရပ်သားများကို ဆက်တိုက်ဖမ်းဆီးနေသလို လက်လွတ်စပယ်ပစ်သတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှ ဖေဖော်ဝါ ၁၁ရက်အတွင်း အရပ်သား ၂၀၀နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဖမ်းဆီးခံရသူအများစု ပြန်လွတ်လာသော်လည်း အချို့မျာ အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားသူများတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတင် ဖြစ်သူ ဒေါ်မာမာအေးလည်း ပါဝင်ခဲ့သည်။ ဒေါ်မာမာအေးသည် ဖားကန့်၌လာရောက်တိမ်းရှောင်နေစဉ် မတ်လ ၆ရက်က ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။