Connect with us

Hi, what are you looking for?

သတင်း

ကျင်ဒွေးမြို့ပေါ်ရှိစစ်စခန်းကိုCDF(ကန်ပက်လက်) တိုက်ခိုက်

မတ် ၁၁ ရက် မနက် ၆နာရီမှ ၇ နာရီအထိတစ်ကြိမ်၊ ၇နာရီခွဲမှာ ၁၀ နာရီခွဲအထိ တစ်ကြိမ် ၊ စုစုပေါင်း စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF)
(CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF)

▪︎နှစ်ကြိမ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား ၅ဦးသေဟု CDFပြော

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းကို မတ် ၁၁ ရက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း CDF(ကန်ပက်လက်)မှတာဝန်ရှိသူက​ပြောသည်။

အဆိုပါစစ်ကောင်စီစခန်းသည် ရခိုင်ပြည်နယ်တွင်တစ်​ကျော့ပြန်တိုက်ပွဲများ ဖြစ်ခဲ့သည့် အချိန်မှစ၍ စစ်တပ်က စခန်းထိုင်နေခြင်းဖြစ်သည်။ စစ်သား ၃၀၊ရဲ ၂၃ဥ နှင့် ပျူစောထီး ၄၀ ခန့်စု​​ပေါင်းစခန်းချနေထိုင်သည့် စခန်းတစ်ခုဖြစ်​ကြောင်းသိရသည်။

စစ်တပ်ကဖေဖော်ဝါရီလကုန်ပိုင်းနှင့်မတ်လဆန်းတွင် CDF ကန်ပက်လက်၏တပ်ရင်းတစ်ရင်းကိုစစ်ကြောင်းထိုးခဲ့သည်။

ထို့​ကြောင့်CDF(ကန်ပက်လက်)တာဝန်ရှိသူက”တန်ပြန်တိုက်စစ်မျိုးပြန်တိုက်ခဲ့ကြတာပါ”ဟုစစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့မှု အပါ်ပြောသည်။

Public Service Announcement

Public Service Announcement

မတ် ၁၁ ရက် မနက် ၆နာရီမှ ၇ နာရီအထိတစ်ကြိမ်၊ ၇နာရီခွဲမှာ ၁၀ နာရီခွဲအထိ တစ်ကြိမ် ၊ စုစုပေါင်း စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင် စစ်ကောင်စီတပ်ဖက်မှ သေဆုံးသူ ၅ ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ပြီး CDF(ကန်ပက်လက်)မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုအသိ​ပေးထားသည်။ စစ်တပ်​သေဆုံး ဒဏ်ရာရမှု အ​ခြေအ​နေကို People’s Spring သတင်းဌာနက သီးခြားအတည်မပြုနိုင်​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးရက်ဆက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ထားနိုင်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ရဲဘော်တွေနဲ့ မဟာမိတ်တွေကို လေးစားဂုဏ်ယူကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။